Part 57

3.8K 69 2
                                    

""ကလေး!""

""ဟင်!""

""နေရတာအဆင်ပြေရဲ့လား ကိုယ့်ကလေးရယ်
အစားအသောက်တွေအရမ်းပျက်နေတာ ကြာရင်ခံနိုင်ရည်မရှိပဲဖြစ်လိမ့်မယ် သည်းငယ်ရဲ့""

"".....""

""အခုဗိုက်ဆာနေလား
ဘာစားချင်လဲ?ကိုကိုဘာလုပ်ပေးရမလဲ?""

စိတ်ပူစွာဖြင့်စကားတွေ တရစပ်ပြောနေမိတော့ ရင်ခွင်ထဲမှေးအိပ်နေသည့် သူမလေးက တိုးလျလျရယ်သည်။သို့သော်လည်း အပြုံးနုနုလေးကသိပ်အားမပါလှ၍ ကိုယ့်မှာစိတ်ထဲမသက်မသာနှင့်...။ကျွေးသမျှ ဘာဆိုဘာမှကိုစားမဝင်ဘဲ ပျို့ပြီးအန်နေတာကြောင့် ရက်ပိုင်းအနည်းငယ်လေးအတွင်းမှာတင် မျက်နှာလေးကသိသိသာသာချောင်ကျနေ၏။ အခုလည်း အခန်းထဲမှာနေရတာအသက်ရှူမရဘူးဆိုသည်နှင့် ခြံထဲကဒန်းလေးပေါ်လာထိုင်ပေးရခြင်းပင်။

""ကိုကို""

""ဗျာ!""

""အဆိုးရဲ့ဒီဗိုက်သေးသေးလေးထဲမှာ ကလေးကဘယ်လိုနေတာလဲဟင်?သူကျပ်မနေဘူးလား""

ချပ်ရပ်နေဆဲဖြစ်သောဗိုက်ကလေးပေါ်လက်ဖြင့်ဖွဖွထိကိုင်ကာ မျက်ဆံလေးထောင့်ကပ်သည်အထိစဥ်းစားရင်း ရုတ်တရက်ထွက်လာသောမေးခွန်းကြောင့် လူမှာမပြုံးမိဘဲမနေနိုင်ပြန်ပါ။ကြည့်ဦး! ဒီကလေးက အတော်ခက်ခက်ခဲခဲတွေစဥ်းစားနေတာ။

""အဟင်း!လူသားလေးတစ်ယောက်ရဲ့အသက်ကိုဒီဧရိယာကျဥ်းကျဥ်းလေးကပဲစတာလေ ကလေးရယ်...ဒါကသဘာဝပါပဲ။ဘာမှမဖြစ်ဘူး နောက်တော့သူတဖြေးဖြေးအရွယ်ရောက်လာရင် ဒီဗိုက်လေးကလည်း ဖောင်းလာမှာ""

""မွေးလာမယ့်ကလေးကိုဘာလေးဖြစ်စေချင်လဲဟင် ကိုကို""

""ဘာလေးပဲဖြစ်ဖြစ်ပါကွာ
ကိုကို့ကလေးပိစိလေးကမွေးတဲ့ ပိစိလေးပဲကို...ချစ်မှာပေါ့""

""ဟမ်!ပိစိတွေကရှုပ်နေပြီနော်
နောက်ဆိုကလေးမွေးပြီးတဲ့အခါ ကိုကိုက ပိစိလေးရေ...ကလေးရေလို့ခေါ်ရင်ဘယ်သူထူးရမှာလဲပြော""

""ဟား!!ရစ်လုံးလေးပါလားကွာ
နေဦး! ကိုကိုစဥျးစားပါရစေဦး""

""ဒါဆိုလည်း ပြီးရော
အဆိုးခဏအိပ်မယ်၊အိပ်နေတုန်းစဥ်းစားထား""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя