Part 60

5.2K 93 5
                                    

ခံစားနာကျင်ခြင်းတွေနဲ့ လူကအပြိုပြိုအလဲလဲဖြစ်နေသည့်တိုင် ချစ်ကြိုးအပေါ်အေးစက်သည့်အပြုအမူကတော့အရင်အတိုင်းပါပင်။ အနည်းငယ်လေးအနားကပ်မိရုံမျှနဲ့တောင် ဘေးသို့ ဆတ်ခနဲခွာရပ်လိုက်ပြီး စူးရဲသောမျက်ဝန်းများဖြင့် ချက်ချင်းလှည့်ကြည့်လာပုံကြောင့် ချစ်ကြိုးရုတ်တရက်လန့်သွားမိကာ သူ့ကျောပြင်ဆီဖက်တွယ်ထားသောလက်အစုံကိုလည်း ပြန်ရုတ်သိမ်းလိုက်ရ၏။

""ပြောစရာရှိရင် ပြောပါ""

""ငါက နင်အရမ်းစိတ်ထိခိုက်နေရတာကို နှစ်သိမ့်ပေးချင်ရုံပါ ညရယ်...အဆင်ပြေရဲ့လားဟင်""

""ဖြစ်တာကဖြစ်ပြီးပြီပဲ
ငါဘာတတ်နိုင်တော့လို့လဲ""

""တောင်းပန်ပါတယ်၊ငါညီမလေးကိုသေချာဂရုစိုက်ခဲ့ရမှာပါ..အဟင့်!!""

တောင်းပန်စကားကိုထပ်တလဲလဲပြောရင်း ငိုယိုနေသည့်ထိုမိန်းကလေးအား လင်းညအသေအချာစိုက်ကြည့်နေမိသည်။အတော်ကြာသွားမှ မျက်နှာလွှဲလိုက်ကာ သူမရဲ့ပုခုံးတစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင်ပေး၍...

""မင်းနဲ့မဆိုင်ပါဘူး
သူကိုယ်တိုင်က ဒီကလေးလေးကိုမလိုချင်ခဲ့တာ
အဲ့တော့ ကလေးနဲ့ပတ်သက်ပြီးအစစအရာရာဘယ်ဂရုထားပါ့မလဲ။ သူလုပ်ချင်ရာလုပ်တယ်၊နေချင်သလိုနေတယ်...နောက်ဆုံးတော့ဒီလိုအခြေအနေအထိ...""

""ရှင်ရှင်ကငယ်သေးလို့ပါဟာ
သူ့ကိုနားလည်ပေးလိုက်ပါနော်""

""ရတယ်၊ငါဘာမှမဖြစ်ဘူး
လူကြီးတွေကိုဒီအကြောင်းပြောပြီးပြီလား""

""ဟင့်အင်း!ငါတစ်ယောက်တည်းဆိုတော့ အရမ်းထူပူပြီး ဘာလုပ်ရမှန်းမသိဖြစ်နေတာ""

""ဒါဆို မိဘတွေကိုပြောပြီးသူ့ကိုလာကြည့်ခိုင်းလိုက်""

ထိုစကားကိုပြောပြီးနောက် သူ့ခြေလှမ်းကအပြင်ဘက်ဆီလှည့်ထွက်တာမို့ချစ်ကြိုးအနည်းငယ်အံ့အားသင့်သွားမိရ၏။

""ည...နင်ဘယ်သွားမလို့လဲ
ရှင်ရှင့်ဆီထပ်သွားမကြည့်တော့ဘူးလား""

""နောက်မှပဲ
ငါ အခုအလုပ်ကိစ္စရှိသေးလို့""

စကားဆုံးသည်နှင့်တကယ်ကိုပြတ်သားစွာလှည့်ထွက်သွားလေသည်မို့ တရွေ့ရွေ့ဝေးကွာသွားသည့်ကျောပြင်ကိုကြည့်ကာ ချစ်ကြိုးကျေကျေနပ်နပ်ပြုံးမိသည်။ဒီတစ်ခါထိချက်ကတော့ တကယ်ကိုပြင်းပြီထင်ပါ၏။ချစ်သည်းရှင်ရဲ့မျက်နှာကိုတောင် သူထပ်ကြည့်ချင်စိတ်မရှိတော့ဘူးတဲ့လေ။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now