Part 18

11.3K 192 0
                                        


မင်္ဂလာပွဲပြီးသည်နှင့် နှစ်ယောက်ထဲသီးသန့်နေရန် စီစဥ်ထားခဲ့သော အိမ်သို့ ချက်ချင်းပြောင်းလာခဲ့လိုက်သည်။ နှစ်ဖက်မိဘတွေက ရှင်ရှင်တို့ကိုအဝေးမှာမနေစေချင်တာမို့ ဒီကိစ္စကြောင့်အတော်လေး အချင်းများခဲ့ရသေး၏။ ကိုကိုကတော့ ဘယ်သူဘာပြောပြောလက်မခံခဲ့ဘဲ ရှင်ရှင့်သဘောဆန္ဒတစ်ခုကိုသာ ငဲ့ကြည့်၍ အခုလိုအနေအထားမျိုးဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး အိမ်ကိုလည်း သူတို့ပိုင်ဆိုင်သမျှထဲကမှ ရှင်ရှင့်အကြိုက်ဆုံးတစ်ခုကို လက်ညှိုးထိုး ရွေးခဲ့ရုံသာ။

""သမီး လူကြီးတွေမရှိဘူးဆိုပြီး သားအပေါ်အရမ်းမဆိုးရဘူးနော်""

""ဘာလို့များအိမ်ခွဲနေချင်ကြတာလဲ
ဟိုမှာလည်းအဆင်ပြေနေတဲ့ဟာ""

""ကဲပါကွာ...ကလေးတွေသဘောအတိုင်းနေပါစေ
သူတို့လည်းလွတ်လွတ်လပ်လပ်နေချင်မှာပေါ့""

""အင်းပါ...ဒါဆိုလည်းလိလိမ္မာမ္မာနေကြ
မိဘတွေအိမ်ကိုလည်းလာကြဦးနော်...မေမေတို့လည်းအမြဲလာကြည့်မှာ""

""ဟုတ်ကဲ့ ဘာမှစိတ်မပူပါနဲ့
ဆိုးကို ကျွန်တော့်အသက်လိုတန်ဖိုးထားပြီးစောင့်ရှောက်ပါမယ်""

""သားကိုက ယုံပါတယ်ကွယ်
မယုံရတာက ဟိုမှာ...
သမီးစာလည်းကြိုးစားနော်...စာမေးပွဲကနီးနေပြီ
အရမ်းလည်းအိပ်ရေးပျက်မခံနဲ့ဦး""

""သား...ကလေးကိုနေမကောင်းမဖြစ်စေနဲ့
သေချာဂရုစိုက်နော်""

အမေနှစ်ယောက်ရဲ့တစ်ယောက်တစ်ခွန်းအမှာစကားများက မဆုံးနိုင်အောင်ရှည်လျားနေ၍ အကုန်လုံးကို ပြုံးလျက်သာခေါင်းငြိမ့်နားထောင်ပေးနေရသည်။ ဆိုးတစ်ယောက်ကတော့ ဟိုကြည့်သည်ကြည့်လေးလုပ်နေတာများ သူ့ မပြောတဲ့အတိုင်းပင်။

""ဒါဆို မေမေတို့ပြန်တော့မယ်""

""ဟုတ်ကဲ့""

""........""

""လာ..ဆိုးတို့အပေါ်ထပ်သွားကြည့်ရအောင်လေ ကိုကို""

မိဘတွေပြန်သွားသည်အထိ မျက်စိတစ်ဆုံးကြည့်နေရင်း ဘေးက ကလေးမလက်ဆွဲခေါ်ရာနောက်ပါလာရပြန်သည်။ဒီအိမ်ကို သူမစိတ်တိုင်းကျရွေးခိုင်းခဲ့တာဖြစ်ပြီး အကြံဆိုးပိုင်ရှင်လေးက အရင်နေအိမ်နဲ့အဝေးဆုံးနေရာကိုမှ ရွေးထားသည်။မေမေတို့ကိုပြောစဥ်က အိမ်ခွဲနေဖို့သဘောမတူချင်ကြပေမယ့် နောက်တော့လည်းခွင့်ပြုလိုက်ရကာ ဒီအိမ်ကိုမင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့ပါ၏။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Onde histórias criam vida. Descubra agora