""Ting!""အချက်ပေးသံနှင့်အတူ လျှောခနဲပွင့်သွားသည့်Liftရဲ့တံခါးနောက်မှ ခပ်မှန်မှန်ခြေလှမ်းများနှင့်သာလျှောက်လာခဲ့၏။ကျယ်ဝန်းလှသောဆေးရုံအဆောက်အဦးကြီးရဲ့အောက်ဆုံးမြေညီထပ်သို့ရောက်လာပြီမို့ ကားပါကင်ရှိမည့်ဘက်ဆီခြေလှမ်းဦးတည်လိုက်သည်။နံဘေး၌ဖြတ်သွားဖြတ်လာလုပ်နေသူတွေရှိနေပေမယ့် လင်းညဘာကိုမှဂရုမပြုမိ။
လက်ထဲကိုင်ထားသည့် အညိုရောင်စာအိတ်ရှည်ကိုသာ တစ်ချက်ငုံ့ကြည့်လိုက်မိ၏။ဖြစ်ပျက်ခဲ့သမျှအရာရာအတွက် ခိုင်လုံတဲ့ရှင်းလင်းချက်တစ်ခု သူ့လက်ထဲမှာရှိနေပြီ။
!အ!
!sorry ဒီမှာငါ့နာရီနဲ့ငြိသွားတာ
ခဏလေး၊မလှုပ်နဲ့နော် ငါဖြုတ်ပေးမယ်!!ရပြီ၊အဆင်ပြေသွားပြီ
နာသွားလား!!ဟင့်အင်း ရပါတယ်
မတော်တဆဖြစ်တာပဲ!ထိုနေ့ကအကြောင်းမဲ့မဟုတ်ခဲ့သော သူ့လုပ်ရပ်။ဒီတစ်ခုမှမဟုတ်၊နွဲ့ဆိုးအပေါ်အေးစက်ပြခဲ့သည့် လုပ်ရပ်တိုင်းက သူသိလိုသောကိစ္စတစ်ခုကြောင့်ပင်။ရေရာတဲ့သက်သေမရှိဘဲစွပ်စွဲခဲ့လျှင် တရားခံကိုသတိပေးသလိုဖြစ်မည့်အပြင် ထိုတရားခံရဲ့ဦးတည်ရာပစ်မှတ်က ကျိန်းသေပေါက် ဆိုးလေးပဲဖြစ်လိမ့်မည်။ကိုယ့်ကြောင့် သူမလေးအပေါ်ထပ်ပြီးငြိုးမျက်နေမှာမျိုးကို မဖြစ်စေလို၍ ကိုယ်ကအရင်ဦးအောင် ကာကွယ်ထားခဲ့ခြင်း။
တကယ်တော့ ဆိုးလေးကိုဒုက္ခပေးတဲ့တရားခံဟာ ဘယ်သူမှန်းလင်းညထိုနေ့ကတည်းကသိသည်။ကလေးကိုစိတ်ဆိုးယောင်ပြပြီး ဆေးရုံမှာထားပစ်ခဲ့တဲ့နေ့က သူတစ်ယောက်တည်းရှောင်ထွက်လာခဲ့တာ ထိုနောက်ကွယ်ကတရားခံကိုစုံစမ်းဖို့ပင်။ဗိုက်ထဲက ကလေးကို ဆေးသုံးပြီးဖျက်ခဲ့တယ်ဆိုတာကနေစပြီး သူလုံးဝအယုံအကြည်မရှိ။အခုနောက်ပိုင်း ဆိုးလေးက ကိုယ်နဲ့မှမဟုတ်ရင် အပြင်တောင်ထွက်တဲ့သူမဟုတ်ပေ။ဘယ်လိုပဲ ခေတ်ဆန်တဲ့နည်းလမ်းတွေကိုနားလည်နေစေဦးတော့ ဒီလိုလုပ်ရပ်အထိတော့ ဆိုးလေးစိတ်တောင်မကူးမိမှာကို သူသိသည်။ထိုနေ့က ယုံကြည်သလိုဟန်ပြပြီး ကလေးကိုအပြစ်ပြောလိုက်တာကလည်း တံခါးရဲ့အပြင်ဘက်မှာချစ်ကြိုးသွယ်ရှိမှန်းသိနေ၍။
أنت تقرأ
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
عاطفية''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...