လေးနက်စွာ ပြောနေသည့် သူ့စကားလုံးများအောက် ကြိုး ခေတ္တမျှ မှင်သက် ဆွံ့အသွားမိပေမယ့် ချက်ချင်းပဲ အကြည့်ကိုပြန်ရုတ်သိမ်းကာ ဆုပ်ကိုင်ထားသည့် လက်ကိုလည်း ဆတ်ခနဲရုန်းလွှတ်ပစ်လိုက်သည်။ မဟုတ်သေးဘူး...ဒီအခြေအနေက တစ်ခုခုတော့မှားယွင်းနေပါပြီ။ ကြိုးရင်ထဲက ခံစားချက်ကိုသူသိနေတယ်၊ ကြိုးရဲ့စိတ်ကို သူနားလည်နေတယ်...။ဒါပေမဲ့ ကြိုးဖြစ်စေချင်တာက သူမဟုတ်ဘူး...၊သူ မဟုတ်ဘူး...
""ချစ်ကြိုး...ကိုယ့်ကိုစိတ်ဆိုးသွားတာလား
ကိုယ်က...""""တော်ပါတော့
ကျမရဲ့အကြောင်းကို တစေ့တစောင်းနည်းနည်းလေးမြင်နိုင်ရုံနဲ့ အရာရာကိုသိတယ်ထင်ရင် ရှင်မှားနေပြီ""""စိတ်ဆိုးသွားပြီပဲ
ကိုယ်တောင်းပန်ပါတယ်""ကြိုးက ဒေါသအလျောက် အသံဆတ်ဆတ်လေးဖြင့် အော်လိုက်သော်လည်း သူ့မျက်နှာကတော့ ပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိခဲ့ဘဲ တောင်းပန်စကားဆိုလာ၏။ ဒီလိုလေးနက်တဲ့ အကြည့်မျိုး၊နွေးထွေးတဲ့စကားမျိုးကို လင်းညဆီကသာ ကြားရရင် ကြိုးတကယ် ပျော်မိမှာပါ။သို့ပေမယ့် တကယ်တမ်းပေးအပ်လာသူနဲ့ ရင်ထဲက တောင်းတသူကတော့ လွဲမှားစွာ...။ဒါ ဘယ်လိုကံတရားပါလဲ?
"".....""
ဘာစကားတွေမှဆက်ပြောမလာဘဲ ငြိမ်သက်နေသည့် မိန်းကလေးအား သူလည်း ခပ်ငေးငေးသာ ပြန်စိုက်ကြည့်နေမိသည်။ သူမရင်ထဲ ဘာတွေရှိမှန်း တကယ့်ကို အရင်ကတည်းကသိတာပါ။ အများရှေ့မှာ တည်ငြိမ်သလောက် လင်းညနဲ့အတူတွဲရှိချိန်ဆို သူမမျက်လုံးလေးတွေ မသိမသာရွေ့လျားတတ်တာ၊လိုအပ်တာထက်ပိုပြီး စကားတွေပြောလာတာ သတိထားမိခဲ့သားပါပဲ။ပြီးတော့ သူတို့က ငယ်ကတည်းကရင်းနှီးခဲ့ကြသူတွေလေ..။သံယောဇဥ်တွေပိုမိတာလည်း မဆန်းဘူးပေါ့။ကိုယ်ကသာ သူမဘေးကို နောက်ကျမှရောက်ခဲ့ရတာ။
""တောင်းပန်ဖို့မလိုပါဘူး
ကျမစိတ်ကဘယ်မှာရှိတယ်ဆိုတာသိရင် ရှင်အခုကတည်းကနောက်ဆုတ်သင့်တယ်""""ကိုယ်စောင့်နိုင်ပါတယ်""
""ရှင့်ကိုစောင့်ခိုင်းနေတာမဟုတ်ဘူး
ငြင်းနေတာ...ရှင်နားလည်လျက်နဲ့ ဘာလို့ဇွတ်တိုးနေတာလဲ""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...