""ဘယ်လို!
မင်းနဲ့ချစ်ကြိုးက တွဲနေတာတစ်လတောင်ရှိပြီဟုတ်လား?""အံ့အားသင့်သလိုလေးမေးမိတော့ နေလက မပွင့်တပွင့်ပြုံးကာ ခေါင်းငြိမ့်၏။
""မင်းတို့က တိတ်လှချည်လားကွာ
ငါ့ကိုတောင်မပြောဘူး""""မင်းကိုတော့ပြောချင်ပါတယ်
ဒါပေမဲ့ မင်းကတစ်ဆင့် မင်းမိန်းမသိသွားရင်ငါ့ကိုပြသာနာလာရှာဦးမယ် """"အဟွန်း! ငါ့ကလေးကိုကြောက်တယ်ပေါ့
မင်းပြောတာဟုတ်တော့ဟုတ်တယ်၊သူသိသွားရင် ငိုဦးမလားပဲ...သူကသူ့အစ်မကိုသိပ်တိုတာ။ပြီးတော့ မင်းကိုလည်းကြည့်မရဘူးဆိုတော့ အဲ့မှာ ပြည့်စုံနေရော"""".....""
""ဒါပေမဲ့ ဟိုတလောက သူ့အစ်မနဲ့ဘယ်လိုစိတ်ကောက်လာလဲမသိပါဘူး။ဆိုးလေး အိမ်ဘက်ကို မပြန်တာ ၁လလောက်တောင်ရှိနေပြီ။စာမေးပွဲရှိနေတော့ အဲ့ဘက်အာရုံစိုက်နေရတာလည်း ပါမှာပေါ့""
""ချစ်ကြိုးကတော့ ငါ့ကိုဘာမှမပြောပါဘူး""
""အင်းပါ၊ အသိနောက်ကျသွားပေမယ့် ဘာပဲဖြစ်ဖြစ်မင်းတို့အတွက် congratulation""
""ဒေါက် ဒေါက်""
နှစ်ယောက်သားစကားပြောနေစဥ်မှာပင် တံခါးခေါက်သံနှစ်ချက်ထွက်ပေါ်လာပြီး အခန်းထဲဝင်လာသူက လင်းညရဲ့ secretary။
""CEOရှင့်
ဧည့်သည်ရောက်ပါတယ်""""ဘယ်သူလဲ""
""Singaporeက သူငယ်ချင်း scarletလို့ပြောရင်သိပါတယ်တဲ့။လွှတ်လိုက်ရမလားရှင်""
နာမည်ကြားသည်နှင့်မျက်မှောင်တစ်ချက်ကျုံ့ရပြန်ပါပြီ။ scarletက ဘယ်လိုလုပ်မြန်မာပြည်အထိရောက်လာပါလိမ့်! အကြောင်းမကြား၊ဘာမကြားနဲ့ companyကိုတောင် ရောက်လာလိုက်သေးရဲ့။
စိတ်ထဲအတွေးများသွားရပေမယ့် မတွေ့ဘဲရှောင်စရာအကြောင်းကလည်း မရှိသည်မို့ ခေါင်းကိုအသာငြိမ့်ပြ၍...
""လွှတ်လိုက်""
""ဘယ်သူလဲကွ
Singaporeကလိုက်လာတာ၊ မင်းကလည်းမျက်နှာပျက်သွားတယ်၊ မဟုတ်မှ ဟိုမှာရှုပ်ခဲ့တဲ့ဇာတ်လမ်းလား""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...