Final Part

32.9K 305 20
                                        

'(5)နှစ်ခန့်ကြာပြီးသည့်နောက်...´

""1 , 2 , 3
ယေး!!!""

Timingရေတွက်သံမှန်မှန်လေးရဲ့အဆုံး၌ အနက်ရောင်ဦးထုပ်လေးတွေက လေပေါ်ဝဲပျံသွားပြီး ပျော်ရွှင်စွာအော်ဟစ်နေသံလေးများက စီစီညံညံထွက်ပေါ်လာ၏။ခမ်းနားတင့်တယ်သော ကျောင်းဝန်းကြီးရဲ့ ပရဝုဏ်အတွင်း လူတွေစည်ကားနေပြီး ခပ်ဖားဖားအနက်ရောင် ဝတ်စုံလေးတွေကိုယ်စီဖြင့်ကျောင်းသူ၊ကျောင်းသားတစ်ချို့ပြေးလွှားနေကြလေ၏။ဘဝရဲ့အလှပဆုံးအခိုက်အတန့်လေးကို သိမ်းဆည်းဖို့ ဓာတ်ပုံတွေလည်းအလုအယက်ရိုက်ကာ စနောက်ပျော်ရွှင်နေကြသည်။

ဒီနေ့က ရှင်ရှင်တို့ကျောင်းရဲ့ဘွဲ့နှင်းသဘင်ဖြစ်ပါ၏။ထို့ကြောင့် ရောင်စုံအလှအပတွေကြားထဲ ရှင်ရှင်တို့သူငယ်ချင်းတစ်ဖွဲ့လည်း ဆူဆူညံညံပါဝင်လှုပ်ရှားနေခြင်းပင်။

""နောက်ဆုံးတော့ငါတို့ဘွဲ့ရပြီကွ""

""ဟဲ့! သုတဘယ်မှာလဲ သွားခေါ်လေ
ငါတို့Group photoရိုက်တော့မှာ""

""လာပါပြီဟာ
ဟိုမှာ ငါ့အလန်းလေးတွေကိုသွားနှုတ်ဆက်နေတာ""

""အမလေး!နှာဘူးကောင်ရယ်
မသိရင်နောက်နေ့သူသေတော့မယ့်အတိုင်းပဲ ဟား! ဟား!""

""ကဲ!မစကြနဲ့တော့
ပုံရိုက်မယ် လှလှလေးနေပါ...Readyနော်
1, 2, 3...Cheese!!""

သည်လိုနှင့် သူငယ်ချင်း၁၂ယောက်ပါဝင်သည့် group photoလေးက လှလှပပသက်ဝင်သွားခဲ့၏။ထိုစဥ် ရှင်ရှင့်ရဲ့ဘေးဆုံးမှာရှိနေသည့်မင်းမိန့်က အနားသို့လျှောက်လာကာ မျက်နှာကိုငေးကြည့်နေပြန်သည်။ရှင်ရှင်လည်းသူဘာပြောချင်တယ်မသိ၍ ခေါင်းလေးစောင်းငဲ့ကာလိုက်ကြည့်နေရင်းမှ...

""ပြောစရာရှိပြောလေ မင်းမိန့်ရဲ့""

""ဒါနောက်ဆုံးပဲရှင်ရှင်...ငါတို့တွေ့ဆုံတာဒါနောက်ဆုံးဖြစ်နိုင်လို့ တစ်ခါလောက်ငေးကြည့်ခွင့်ပြုပါ""

""နင်ကလည်း ပြန်မလာမယ့်သူလိုပြောနေပြန်ပြီ""

""နင်တို့အားလုံးဂရုစိုက်ကြနော်
ငါတို့ကဘွဲ့လည်းရပြီ၊အခုကစပြီး ကိုယ့်ဘဝကိုယ်အောင်မြင်အောင်ပုံဖော်ရတော့မယ်""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя