အတာသင်္ကြန်ရဲ့နောက်ဆုံးရက် ညနေခင်းမို့ ကြည့်လေရာမှာလူတွေစည်ကားနေကာ ကားမှန်ဆီသို့လည်းရေတွေတဝုန်းဝုန်းလာထိခတ်နေ၏။ ကျပ်သိပ်နေသည့်ကားတွေကြားထဲမှ ခပ်ဖြေးဖြေးမောင်းနှင်လာရင်း မကြာခဏငဲ့ကြည့်မိနေသည်က ဘေးကမိန်းကလေးရဲ့မျက်နှာဆီ...။လူကဘေးမှာရှိသော်လည်းစိတ်ကဘယ်ဆီလွင့်နေသည်မသိပါ။စကားလည်းမပြော၊တစ်ဖက်သို့မျက်နှာလွဲနေပြီး ကားမှန်ကနေ အပြင်ဘက်သို့ငေးကြည့်နေသော်ငြား အပြင်ဘက်ကအရာတွေကိုဘာမှမြင်ပုံမပေါ်သည်မို့ သူလည်းမနေသာစွာဖြင့်...
""ချစ်ကြိုး!""
""ဟင်""
""ငြိမ်နေလိုက်တာကွာ
ကိုယ့်ကိုစကားမပြောချင်လို့လား?စိတ်ဆိုးနေတာများလား?""""မဟုတ်ပါဘူး
စိတ်ဆိုးရင် ရှင်နဲ့လာတွေ့ပါ့မလား""""ဒါဖြင့်ဘာတွေဒီလောက်လေးလေးနက်နက်စဥ်းစားနေတာလဲ?""
""အိမ်ကအကြောင်းပါ
အိမ်မှာအာရုံနောက်စရာလေးတွေရှိလို့ ရှင့်ဆီထွက်လာတာ""""ပြောပါဦး!ဘယ်သူကများကိုယ့်ရဲ့ချစ်သူလောင်းလေးကို စိတ်ညစ်အောင်လုပ်လိုက်လဲ""
""မိုးရိပ်...ရှင်နော်! စကားပြောတာအသားမယူနဲ့
ကျမဖြင့်အဖြေမပေးရသေးဘဲ""""အဟင်း!ဟုတ်ပါပြီဗျာ""
""ရှင့်ကိုတစ်ခုမေးမယ်""
""အင်း""
""ရှင့်စိတ်ကိုတစ်ယောက်ယောက်ကအနှောင့်အယှက်ပေးနေရင်၊သူကလည်းရှင်နဲ့သိကျွမ်းနေတဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ ပြောကြည့်""
လေးလေးနက်နက်ကြည့်ကာ မေးလာသည်မို့ သူရုတ်တရက်ငြိမ်သွားမိရသည်။ ပြောရရင်ဒီအခြေအနေဟာလက်ရှိ သူ့အဖြစ်နဲ့လည်းတူနေသည်မဟုတ်လား။ လက်ရှိမှာသူ့စိတ်ကိုအနှောင့်အယှက်ပေးနေသည်က 'လင်းညရိပ်´။ရင်းနှီးပတ်သက်နေတဲ့သူဆိုတာလည်းအမှန်ပဲလေ။ အဲ့ဒီ့တော့ကိုယ်သာဆိုဘယ်လိုဖြေရှင်းလိုက်မလဲဆိုသည့်အမေးအား အသေအချာစဥ်းစားပြီးမှ နှုတ်ခမ်းထက်ခပ်လွန့်လွန့်လေးပြုံး၍...
""ရှင်းလိုက်မှာ
ကိုယ်ကစိတ်အညစ်မခံတတ်ဘူး၊အာရုံနောက်တာတွေမကြိုက်ဘူး""
VOUS LISEZ
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Roman d'amour''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...