သားဆီက ထိုစကားကြားရတော့ ဒေါ်ခင်လေးမွန်လည်း အံ့ဩမနေခဲ့ပါ။ ဒီလောက်မြန်မြန်ကြီးပြောထွက်လာမယ်မထင်ခဲ့၍သာ မျက်ခုံးတစ်ချက်ပင့်မိရ၏။ သားရဲ့အပြုအမူတွေ၊အပြောအဆိုတွေဟာ ဘယ်သူ့အပေါ်သာနေမှန်း အမေကမရိပ်မိပဲရှိပါ့မလား။ ညနေကလိုကိစ္စမျိုးပဲကြည့်...လုံးဝကိုအပြောမခံ၊အထိမခံ ကာကွယ်နေလိုက်တာများ လူကြီးတွေကိုတောင် မျက်စိထဲမမြင်တော့သလိုပင်။
ရှင်ရှင်လေးကို မချစ်လို့မဟုတ်ပေမယ့် သားအတွက်တော့ ချစ်ကြိုးကသာပိုပြီးသင့်တော်သည်မဟုတ်လား။ စိတ်ထင်ရာလုပ်ပြီး ဆိုးချင်တိုင်းဆိုးနေတဲ့ ရှင်ရှင်ဟာ မိသားစုအတွက်၊အားလုံးအတွက် ချစ်ဖို့ကောင်းတဲ့သမီးလေးဖြစ်ပေမယ့် တခြားမိသားစုအတွက်တော့ တာဝန်ကျေပွန်တဲ့ချွေးမတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ကူဘူးလေ။ကြိုးလို အစစအရာရာပြည့်စုံတဲ့သူရှိနေပါလျက် သားက ဘာကြောင့်များ ထိုကလေးကိုမှသွားပြီး ငြိတွယ်ရပါလိမ့်နော်။
ကိုယ်ကသာ အတွေးတွေများသွားရသလောက် သားကတော့ ခပ်တည်တည်ဖြင့်ငြိမ်နေကာ သူ့နှုတ်ထွက်စကားအတွက် လုံးဝကိုသေချာနေသည့်ပုံစံနှင့်မို့ သက်ပြင်းလေးဖွဖွချလိုက်ရင်းမှ...
""အင်း...မေမေရိပ်မိပါတယ်
ဒါပေမဲ့ အဲ့ဒါကမဖြစ်နိုင်ဘူး သား
ရှင်ရှင်လေးကသိပ်ငယ်သေးတယ်...ပြီးတော့သားလည်းသိတဲ့အတိုင်း သူ့စိတ်က ကလေးသာသာရယ်...ဘယ်လိုလုပ်ဒါတွေစိတ်ဝင်စားမှာလဲ""""ဒါဆိုလည်း သူစိတ်ဝင်စားတဲ့အချိန်အထိကျွန်တော်စောင့်ပေးမယ်""
""မေမေလည်း သူ့ကိုသမီးအရင်းလေးလိုချစ်ပါတယ်။ဒါပေမဲ့ သားရဲ့ဇနီး၊မေမေ့ချွေးမအဖြစ်တော့ တစ်ခါမှမမြင်ကြည့်ခဲ့ဖူးဘူး။ သားလည်းအဲ့ဒီ့ကလေးကိုသွားပြီးစိတ်ဝင်စားလိမ့်မယ်မထင်ခဲ့ဘူး""
""အခုကစပြီး အဲ့လိုပဲမြင်ကြည့်ပေးပါ မေမေ
ကျွန်တော့်ဇနီးက ကျိန်းသေ ဆိုးပဲဖြစ်လာမှာမို့""""သားဘက်ကအဲ့လောက်သေချာနေတာ
သူနဲ့ကဘယ်လိုအခြေအနေမို့လို့လဲ...မေမေမြင်သလောက်တော့ သူကသားအပေါ်အကိုတစ်ယောက်လိုပဲ ရင်းနှီးပြောဆိုနေတာ""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...