Part 67

10.8K 144 1
                                        

""အစ်ကို တိုက်မိသွားပြီထင်တယ်
ဘယ်လိုလုပ်မလဲ""

""တောက်! တောက်!""

""ဟေ့လူ ဆင်းလာခဲ့""

ဆောင်းနံနက်ခင်း ခပ်အေးအေး၌သွေးပျက်ဖွယ်ဖြစ်ခဲ့သော မြင်ကွင်းကြောင့် အနားမှာလူတွေဝိုင်းအုံလာတော့ ကားမောင်းသူကအပြေးအလွှားဆင်းလာခဲ့ပြီး...

""ကျွန်တော်တောင်းပန်ပါတယ်""

""မင်းသေချင်နေပြီလား
ကားမမောင်းတတ်ဘူးလား""

""တောင်းပန်ပါတယ်
ကျွန်တော်...ကျွန်တော် အားလုံးကိုတာဝန်ယူပါမယ်""

""ပြေးဖို့မကြံနဲ့...မင်း!""

""....""

""လူက အသက်ရှိသေးတယ်၊ဆေးရုံပို့ဖို့ပြင်ကြ မြန်မြန်လေး""

သည်လိုနှင့်ကားရှေ့လဲကျနေသည့်အမျိုးငယ်အား ဆေးရုံသို့ပို့ပေးခဲ့ကြ၏။သူမက အသက်ရှိသေးသော်လည်း သွေးထွက်များကာ အခြေအနေကတော့သိပ်မကောင်းသည်မို့ သက်ထားကတော့ရင်တမမဖြင့် ခင်ပွန်းသည်ကိုလည်း စိုးရိမ်ရလွန်းလို့ရူးမတတ်ပါပင်။

ထိုမိန်းကလေးက လမ်းလည်ပြီးစျေးရောင်းရသည့်စျေးသည်လေးဖြစ်ဟန်တူပြီး အနီးအပါးကလူတွေကလည်း သူ့ကိုသိကြသည်မို့ တိုက်နယ်ဆေးရုံခပ်ကျဥ်းကျဥ်းလေးထဲ ရပ်ရွာကတာဝန်ရှိသူတွေပါရောက်နေ၏။ရဲကိုတိုင်လိုက်၍ စစ်ဆေးမေးမြန်းတာတွေလည်းရှိပြီး အခြေအနေတွေကရှုပ်ထွေးလွန်းသည်။

""လူနာက စိုးရိမ်ရတဲ့အနေအထားပါ
ဆေးရုံကြီးကိုပြောင်းတင်မှဖြစ်မယ်၊လူနာရှင်ကစိတ်ကိုပြင်ဆင်ထားဖို့လိုပါတယ်...လူနာရဲ့မိသားစုဝင်တွေရှိပါသလား...ခဏလောက်ထွက်ခဲ့ပေးပါ""

သူနာပြုရဲ့စကားကိုကြားပေမယ့် အနားရှိနေသည့်လူအုပ်ထဲ ဘယ်သူဘယ်ဝါကမှမိသားစုဝင်အဖြစ်ပေါ်မလာခဲ့လေတော့...

""လူနာရဲ့မိသားစုဝင်တွေမရောက်သေးတာလား""

""ယွန်းငယ်မှာ မိသားစုဝင်တွေမရှိပါဘူးရှင်
သမီး...သူ့သမီးမွေးကင်းစလေးတစ်ယောက်ပဲရှိတာပါ။ခဏလေးနော်!သူ့ဘေးအိမ်မှာကလေးကိုအပ်နေကျမလို့...ကျမတို့အကြောင်းကြားပေးထားပါတယ်""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя