Part 26

5.8K 104 0
                                    

""ကိုကိုရေ...မနက်စာစားရအောင်""

လှေကားမှတောက်လျှောက်အော်ကာ ပြေးတက်လာပြီး အခန်းတံခါးကိုဖွင့်ကြည့်တော့ ကိုကိုကအိပ်ပျော်နေဆဲပင်။ ညကတည်းက သူဘာမှမစားထားတာမို့ ရှင်ရှင်အိပ်ရာနိုးသည်နှင့်သူ့အတွက် မနက်စာအရင်ပြေးလုပ်ပြီးမှ အခုလာနှိုးခြင်းဖြစ်သည်။ ညကလည်း သူနဲ့တစ်ညလုံးဖက်အိပ်မိတာလေ။တော်သေးတာပေါ့၊ သူ့ထက်အရင်နိုးလို့...မဟုတ်ရင် မျက်နှာပူလို့သေမယ် ဟူး!

""ကိုကို""

ငြိမ်သက်စွာအိပ်ပျော်နေသူက ဘယ်လောက်ခေါ်ခေါ်တစ်ချက်မှမလှုပ်တာကြောင့် ခေါ်သံလေးက တိုးတိမ်သွားကာ ခြေသံကိုဖွနင်းလျက် အနားသို့တိုးကပ်သွားရင်း သူ့နံဘေးနေရာလွတ်လေး၌ ဝင်ထိုင်နေလိုက်၏။

တကယ် အိပ်ပျော်နေတုန်းပဲကိုး...။
နေများမကောင်းတာလား?

စိုးရိမ်သလိုလေးငုံ့ကြည့်ရင်းမှ နဖူးပြင်ဆီလက်ဖဝါးလေးကပ် စမ်းကြည့်တော့ အပူရှိန်သိပ်မရှိပေ။ သို့သော် မျက်နှာချောချောလေးထက် ညိုမဲနေသည့်ဒဏ်ရာက သိသိသာသာမြင်နေရပြီး နဖူးပေါ်မှာလည်း သွေးစို့နေသည့်ဂွမ်းစကကပ်လျက်။

""ဒါကို အသစ်လဲရမှာထင်တယ်
နာသွားမလားမသိဘူး""

တစ်ယောက်ထဲအတွေးများကာ ဒဏ်ရာပေါ်သို့ဖွဖွထိကိုင်မိ၏။ မျက်နှာချောချောလေးထံ ငေးကြည့်ရင်းမှပင် ရင်ထဲဆို့နင့်ကာ မျက်ရည်ကလည်းကျချင်ပြီ။

နာတယ်။သူအခုလို ထိခိုက်တာ...၊နေမကောင်းဖြစ်နေတာက ရှင်ရှင့်နှလုံးသားထဲအထိ စူးစူးနစ်နစ် နာစေတယ်။အထူးသဖြင့် ကိုယ့်ကြောင့်ဖြစ်ရသည်ဟူသော ယူကျုံးမရအတွေးက ရင်ကိုအခါခါခွဲနေသည့်အလားပါပဲ။

""တောင်းပန်ပါတယ် ကိုကိုရယ်
မလိမ္မာတဲ့ကလေးကို ခွင့်လွှတ်ပေးခဲ့လို့လည်းကျေးဇူးတင်တယ်၊ မြန်မြန်နေကောင်းလာပါတော့နော်""

သူ့မျက်နှာဆီငုံ့ကြည့်လျက် တစ်ကိုယ်တည်းစကားသံလေးတိုးလျလျဖြင့် ပြောနေစဥ်မှာပင် အလိုလိုတိမ်းညွှတ်သွားသောဆန္ဒတစ်ခုရဲ့နောက်...ပန်းသွေးရောင်နှုတ်ခမ်းလေးဖြင့် သူ့နဖူးပြင်ကဒဏ်ရာဆီဖွဖွခိုးနမ်းလိုက်မိ၏။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Tempat cerita menjadi hidup. Temukan sekarang