Part 51

7K 104 0
                                        

""ဟင်! ရှင်ကနိုင်ငံခြားကိုသွားတော့မယ် ဟုတ်လား?""

နေလတို့အကြောင်းဘာမှသိမထားသေးသည့် ကလေးက အခုမှမျက်လုံးဝိုင်းလေးဖြင့်မေးခွန်းထုတ်လာတော့ နေလက သက်ပြင်းဖွဖွချကာခေါင်းငြိမ့်၍...

""ဟုတ်တယ်""

""ဒါဆို ရှင်ရှင့်မမကရော?
မမနဲ့ဘယ်တော့မှလက်ထပ်မှာလဲ?""

""ကလေး!""

တည့်တည့်မေးချလိုက်သည်မို့ လင်းညက နေလမျက်နှာကို အားတုံ့အားနာလေးကြည့်လိုက်မိသည်။သို့သော် သူကတော့အဆင်ပြေတယ်ဟူသည့်သဘောဖြင့်သာ ခေါင်းလေးတစ်ချက်ငြိမ့်ပြ၏။

""အမွှေစိန်လေး! နင်အခုမှအိပ်မက်မက်နေတာလား?ငါနဲ့ချစ်ကြိုး လမ်းခွဲလိုက်တာ ကြာပဲကြာနေပြီကို""

""ဟင်! တကယ်လား""

""လင်းည မင်း ကလေးကိုမပြောပြထားဘူးလား""

""ဟင့်အင်း!""

""ဒါဆို ကိုကိုလည်းသိတယ်ပေါ့
ဟွန့်! သူတို့ပဲသိနေလိုက်ကြ...အဆိုးကဖြင့်ဘာမှမသိရဘူး...စတွဲတာလည်းနောက်မှသိတယ်၊ဟော...အခုပြတ်ပြီဆိုလည်းနောက်မှသိရတယ်""

ချက်ချင်းကိုနှုတ်ခမ်းလေးစူထော်ကာ စိတ်ကောက်ပြန်လေသည့်နွဲ့ဆိုးကြောင့် လင်းညက ပြုံးရုံလေးသာပြုံးမိပြီး ဒဏ်ရာရှိမနေသည့်ပါးပြင်တစ်ဖက်အား ခပ်ဖွဖွနမ်းလိုက်၏။ဒါကိုပင် မျက်စောင်းလေးဖြင့်လှည့်ကြည့်လာလေသည့် ကလေးကတကယ်ကို ကျေနပ်မနေပုံဖြင့်...

""မခေါ်တော့ဘူး ကိုကို့ကို""

""ကလေးလေးရယ် စိတ်မကောက်ပါနဲ့ကွာ
ကလေးက နေလကိုခဲအိုတော်ဖို့စဥ်းစားထားတယ်မဟုတ်လား?အခု ကလေးမှန်းထားသလိုဖြစ်မလာရင် စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ကိုကိုမပြောခဲ့တာပါ""

""အဆိုးစိတ်မကောင်းဖြစ်မှာစိုးလို့?
ဟုတ်လား?""

""ဟုတ်တာပေါ့""

""ဒါဆို ကိုကို့ကိုစိတ်မဆိုးတော့ဘူး
အဲ့လူကြီးကိုစိတ်ဆိုးတယ်""

ကဲ!မျိုးစုံအောင်ရစ်တတ်သည့်ဂျစ်တူးလေးရဲ့ဦးတည်ချက်က နေလဖြစ်သွားရပြန်လေပြီ။အလိုမကျသည့်မျက်နှာလေးဖြင့် လက်ညိုးထိုးကာ ပြောလိုက်တော့ နေလက သူ့ထံမျက်စတစ်ချက်ပင့်ပြ၏။သဘောက အရစ်ခံရဖို့အလှည့်ကျပြီဟူသည့်အမူအရာ...။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя