ဆေးရုံကဆင်းခဲ့ပြီးနောက်ရက်တွေမှာတော့ ရှင်ရှင်တို့မိဘတွေအိမ်မှာသာ ပြန်နေဖြစ်ခဲ့သည်။နှစ်ဖက်မိသားစုရဲ့ရပ်ဝန်းမို့ အားလုံးကလည်းဂရုတစိုက်ရှိကြပါ၏။သို့သော် ကိုကိုကတော့ ရှင်ရှင့်ကိုလိုအပ်တာထက်ပိုပြီး စကားမပြောသေးပေ။ဆေးရုံကိုတစ်ခေါက်တစ်လေလာကြည့်တတ်ပြီး အခုအိမ်ရောက်တော့လည်း ဂရုတစိုက်ရှိပေမယ့်အရင်လိုမဟုတ်တာကိုတော့ ရှင်ရှင်ခံစားလို့ရသည်။
သူ စိတ်ဆိုးနေတာသေချာပါသည်။ကလေးကိစ္စနဲ့ပတ်သက်ပြီးတစ်ခွန်းတစ်လေမှ စ,မပြောသော်လည်း သူ့စိတ်ထဲအနာတရတစ်ခုကိုမှတ်သားသွားခဲ့ပြီ။ကိုယ့်အပြစ်နဲ့ကိုယ်မို့ ရှင်ရှင်လည်း သူ့အနားသွားရတာကိုပင် မလုံလဲသောအပြစ်တစ်ခုနှယ် ခံစားမိပါ၏။ထို့ကြောင့်လည်း သူ့အပေါ်ဘယ်လိုမေးခွန်းမျိုးမှမထုတ်ရက်သလို အချိန်များစွာမှာ သူ့မျက်နှာလေးကိုသာ တငေးငေးဖြင့်ကြည့်နေမိတတ်သည်။စကားတွေပြောမိရင်ထပ်ပြီး အမှားပါသွားမှာ ကြောက်သည်။ထပ်ပြီး ကိုကို့ကိုနာကျင်စေမိမှာ တကယ်စိုးရိမ်ပါသည်။
အခုက ဒီအတိုင်းလေးမို့တော်သေးတာပေါ့။ဒီ့ထက်ပိုပြီးဆိုးရွားတဲ့အခြေအနေတွေဖြစ်ရင်...ဥပမာ ကွာရှင်းပြတ်စဲကြဖို့အထိ ကိုကိုပြောလာခဲ့ရင် ရှင်ရှင်ဘယ်လိုများလုပ်ရပါ့မလဲ? ကိုကိုနဲ့ခွဲရမှာ ရှင်ရှင်ကြောက်တယ်...သူကျောခိုင်းသွားခဲ့ရင် ဒီမိန်းမငယ်ရဲ့ရှင်သန်မှုခပ်ယဲ့ယဲ့လေး ပျောက်ဆုံးသွားတော့မယ်ထင်ရဲ့...။
""ကိုယ့်ကို ပြောစရာရှိလား ဆိုး
ရှိရင်ပြောလေ...ဘာလို့ကြည့်နေတာလဲ""Companyသွားဖို့ရန် အချိန်အနည်းငယ်လိုသေးတာကြောင့် Laptopဖွင့်ကာ E-mailတချို့ပြန်စစ်နေစဥ် မလှမ်းမကမ်းဆီမှငေးကြည့်နေသောမျက်ဝန်းလေးကို သူ့အာရုံကအလိုလိုသတိထားမိသည်။သို့နှင့် သူမဆီတစ်ချက်လှမ်းကြည့်ရင်း ခပ်အေးအေးသာမေးလိုက်တော့ ဖျတ်ခနဲဆို မျက်လုံးလေးလွှဲရှောင်သွား၏။
""ဆိုး!""
""ဟင့်အင်း!အဆိုးဘာမှပြောစရာမရှိပါဘူး""
""ဟုတ်ပြီလေ
ဒါဆို ကိုကိုအလုပ်သွားတော့မယ်""ခေါင်းလေးသာငြိမ့်ပြလိုက်မိသည်ထင်ပေမယ့် တကယ်တမ်းမှာ သူသွားတော့မယ်ဆိုတဲ့စကားအဆုံး၌ ရှင်ရှင့်ခြေထောက်လေးတွေက အလိုလိုထရပ်မိနေပြီ။အရင်က သူသွားရာနောက် တွဲလျက်ကပ်ပါခွင့်ရခဲ့လေတော့ အခုအချိန်မှာလည်းအကျင့်တစ်ခုလိုစွဲထင်နေရခြင်းမို့ သူရှိရာထံ မဝံ့မရဲလေးခိုးကြည့်မိကာ...
VOCÊ ESTÁ LENDO
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...