Part 68

11.2K 131 0
                                        

""ဘယ်လိုလုပ်ကြမလဲ ခင်လေးရယ်
ကလေးက နေလည်းမကောင်းဘဲနဲ့ ဘယ်ကိုများထွက်သွားလိုက်တာလဲ မသိပါဘူး။သက်တော့သေသာသေချင်တာပဲ""

""စိတ်အေးအေးထားပါကွာ
သားကသမီးလေးကိုရှာတွေ့မှာပါ""

""ဟုတ်ပါတယ် သက်ရယ်
စိတ်ငြိမ်ငြိမ်ထားနော်၊ဒီလိုနဲ့သက်ပါတစ်ခုခုဖြစ်သွားလိမ့်မယ်""

ဆေးရုံကနေရုတ်တရက်ပျောက်သွားခဲ့သော သမီးဖြစ်သူကို စိတ်ပူရလွန်းလို့မိဘတွေမှာလည်း ရူးမတတ်ပင်။ကလေးကထင်ရာစိုင်းကာဆိုးနွဲ့တတ်ပေမယ့် ဘယ်တုန်းကမှမိဘတွေရဲ့အရိပ်ကပျောက်မသွားခဲ့ဖူးသူပါ။ဘယ်လိုပဲစိတ်ဆိုး၊စိတ်ကောက်စေဦးတော့ ဝိုင်းပြီးချော့မြူတဲ့အခါ စိတ်ပြေရယ်ပြုံးတတ်နေကျ။အခုကတော့အရင်နဲ့မတူတဲ့ကိစ္စ...၊ဒါကြောင့်လည်း အရင်နဲ့မတူတဲ့လုပ်ရပ်ကို ဒီကလေးလုပ်သွားခဲ့တာလား?

""မေမေ!""

""သမီး!""

""ရှင်ရှင်ဆေးရုံကနေပျောက်သွားလို့ဆို
ဘယ်လိုဖြစ်တာလဲ""

""မေမေလည်းမသိတော့ဘူး
ကလေးကအကောင်းအတိုင်းဒီမှာရှိနေရင်း...ဟင့်!ဟင့်!""

""မေမေစိတ်အေးအေးထားနော်
သမီးရှိတယ်၊သမီးရှိတယ်...ညီမလေးကိုရှာတွေ့မှာပါ။သူကနေလည်းမကောင်းတာ...ဘယ်လိုလုပ်အဝေးကြီးသွားနိုင်မှာလဲ?""

မေမေ့ကိုထွေးဖက်ကာ နှစ်သိမ့်သလိုလေးပြောမိပေမယ့် တကယ်တမ်းတော့ချစ်ကြိုးရင်ထဲလည်းတုန်လှုပ်နေမိပြီ။မရည်ရွယ်ခဲ့ပါသော်လည်း ဒါတွေဖြစ်စေတဲ့အဓိကအကြောင်းအရင်းဟာ ချစ်ကြိုးပဲမဟုတ်လား။

""အစ်ကို သားဆီဆက်ကြည့်ပါဦး
တစ်ခုခုများထူးသေးလားလို့""

""အင်း!""

""သားကိုလည်းဂရုစိုက်ခိုင်းပါဦး
သူအရမ်းစိတ်ပူပြီးပြေးထွက်သွားတာ...တော်ကြာလမ်းမှာတစ်ခုခုဖြစ်ကုန်မှဖြင့်...""

""အင်းပါ""

နှစ်ယောက်စလုံးရဲ့အဖြေစကားကိုခေါင်းငြိမ့်ပြကာ သားဆီဆက်သွယ်ကြည့်တော့လည်းအခြေအနေမထူးခြား။သည်လိုနှင့် ထိုတစ်နေ့တာကုန်ဆုံးသွားသည့်တိုင် ပျောက်ဆုံးနေသော သမီးငယ်ကိုရှာမတွေ့နိုင်ခဲ့ပေ။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Où les histoires vivent. Découvrez maintenant