Part 54

6.7K 96 2
                                        

""အင်း!
ဟင့်!""

မနက်၃နာရီရဲ့နောက်ပိုင်းတစ်လျှောက်လုံး သူမဘေးနားထိုင်စောင့်ပေးကာ အလုပ်လုပ်နေရင်း ၅နာရီထိုးခါနီးလောက်မှ မှေးခနဲတစ်ချက်အိပ်ပျော်မိသွားရသည်။စိတ်သေလက်ချလည်းမအိပ်နိုင်လေတော့ ကိုယ့်ဘေးက,ကလေးငယ် တစ်ချက်လောက်လှုပ်ရှားလူးလွန့်လိုက်ရုံနဲ့တောင် ဆတ်ခနဲနိုးသွား၏။

""ဒီမှာကိုကိုရှိတယ်နော် သည်းငယ်
အိပ်! အိပ်! လိမ္မာတယ်""

ပါးစပ်ကတဖွဖွပြောပေးရင်း နဖူးလေးထံလက်လှမ်းမည်အပြု၌ ကိုယ့်လက်ကရုတ်တရက်ရွှေ့မရဘဲ တစ်စုံတစ်ရာဖြင့်နှောင်တုပ်ထိန်းချုပ်ထားသလိုဖြစ်နေသည်မို့ တအံ့တသြဖြင့်ပြန်ငုံ့ကြည့်မိရသည်။အင်္ကျီလက်ဖျားအနားမှာ ပြသာနာရှိနေခြင်းဖြစ်ပြီး ဆိုးလေးရဲ့အပေါ်ထပ်အင်္ကျီလက်ဖျားလေးနဲ့ပါချိတ်ဆက်နေသည်က ခပ်သေးသေး ငွေရောင်တွယ်ချိတ်လေးနှစ်ခု။ ဒါကြောင့်ပေါ့၊ကိုယ့်လက်အရွှေ့မှာ ဟိုလက်သေးသေးလေးက ကပ်လျက်ပါနေတာ။

""ကလေးရယ်!မင်းကတော့ကွာ""

အိပ်ပျော်နေဆဲမျက်နှာနုနုလေးအား လှမ်းကြည့်ရင်း နှလုံးသားမှာလည်း ဖျပ်ဖျပ်ခါအောင်ကြည်နူးနေမိ၏။ကလေးဆန်လွန်းတဲ့ဇနီးလေးဆိုတော့လည်း တစ်နေ့တစ်မျိုးမရိုးရအောင် ချစ်စဖွယ်အပြုအမူလေးတွေလုပ်နေတော့တာပါပဲ။ ကြည့်ဦး! ဒီတွယ်ချိတ်ပိစိလေးတွေနဲ့ လူကိုဖမ်းထားသတဲ့!!မသိရင် သူအိပ်နေတုန်း ကိုယ်ကပဲထွက်ပြေးတော့မယ့်အတိုင်း။

ကြည့်ရတာ ဒီကလေးတစ်ခေါက်ထပ်နိုးခဲ့သေးထင်ရဲ့။ နံဘေးနားခဏလေးလှဲရင်း မှေးနေသည့်ကိုယ့်အပေါ်လည်း သူမရဲ့စောင်လေးကိုလာလွှမ်းပေးထားသေးတယ်။ဘယ်အချိန်နိုးလာပြီး ဒီလိုတွေလုပ်မှန်းမသိလိုက်ရပေမယ့် ငွေရောင်အနှောင်အဖွဲ့သေးသေးလေးဟာလည်း ကိုယ့်ရင်ထဲမှာတော့ နက်နက်ရှိုင်းရှိုင်းတွယ်ငြိမိသွားစေပြန်တယ်။

ချစ်ပြီးရင်းကို ချစ်ရပါတယ် နွဲ့ဆိုးရယ်...။တကယ်! ဒီကလေးက သူ့စိတ်သူ့အတွေးလေးနဲ့လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ။

""အဟင်း!""

သဘောတကျတွေးကာ ပါးပြင်လေးပေါ်ဖွဖွငုံ့နမ်းလိုက်ပြီး နာရီကိုတစ်ချက်လှမ်းကြည့်တော့ ၅နာရီခွဲခါနီးနေပြီ။ညကလည်းကောင်းကောင်းမအိပ်ထားတာမို့ အခုချိန်မှာတော့ဒီကလေးမနိုးလောက်သေးဘူးထင်ပါသည်။သို့နှင့် လက်ကိုခပ်ဖြေးဖြေးလေးရွှေ့ယူကာ တွယ်ချိတ်လေးနှစ်ခုအားဖြုတ်ယူလိုက်၏။ ကိုယ်အပူရှိန်ကိုစမ်းကြည့်တော့ အဖျားက အနည်းငယ်လျော့ကျနေပါပြီ။ထို့ကြောင့်  သူလည်း ခုတင်ထက်မှဆင်းကာ ရေချိုးအဝတ်အစားလဲပြီး အောက်ထပ်သို့ဆင်းလာခဲ့စဥ်...

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя