""အပြင်မှာ မိုးတောင်ချုပ်နေပြီ
ဒီနေ့မပြန်ဘဲ အိမ်မှာအိပ်ကြပါလား
နောက်ရက်မှပြန်ပေါ့""ညစာစားပြီးတော့ စကားဝိုင်းက ဧည့်ခန်းဆီရွေ့လာသည်။ တဖြေးဖြေးအချိန်နောက်ကျလာသည်နှင့်အမျှ မိဘတွေကပေးမပြန်ချင်ဘဲ အိမ်မှာသာအိပ်ခိုင်းလေပြီမို့ ဆိုးတစ်ယောက်ကတော့ အသီးပန်းကန်ကိုင်ကာ စိတ်တိုင်းကျစားနေရင်းမှ သူ့ထံဖျတ်ခနဲလှမ်းကြည့်၏။ ပြီးနောက် မိဘတွေဘက်ပြန်လှည့်ကာ...
""ဘာမှမဖြစ်ပါဘူး မေမေရဲ့
၇နာရီကျော်ရုံဆိုတာစောပါသေးတယ်...အဟဲ!
သြော်!ပြီးတော့ အိမ်မှာလေ ကိုကိုလုပ်လက်စ အလုပ်တွေကျန်နေခဲ့လို့...ဟုတ်တယ်မလား ကိုကို""ပါးစပ်ကပြောရင်းမှ မျက်လုံးလေးကလည်း သူ့ထံလှမ်းကြည့်ကာ ကူပြောရန်အချက်ပြသည်မို့ မနေသာစွာပင် followလိုက်ရပြန်သည်။
""ဟုတ်တယ်...အမေရဲ့
မနက်ဖြန်အတွက်အရေးကြီးတဲ့စာရွက်စာတမ်းတွေ ကျွန်တော်စစ်ပြီးလက်မှတ်ထိုးပေးရဦးမှာမို့""""အဟင်း! သူကအလုပ်များတယ်လေ၊ အဲ့ဒါကြောင့်...
သြော်! ဒါနဲ့မမက အသီးစားဖို့မဆင်းလာပါလား၊ မမကလည်းလေ အလုပ်သရဲကိုဖြစ်နေပြီ။ကြာရင် ကျန်းမာရေးထိခိုက်တော့မှာပဲ""""......""
""ဟို! သမီး မမဆီ သစ်သီးနည်းနည်းယူသွားပေးလိုက်ဦးမယ်၊နှုတ်လည်းဆက်ရင်းပေါ့...ကိုကို ခဏနော်""
သိသိသာသာကို စကားလမ်းကြောင်းလွှဲကာ လစ်ပြေးသွားလေသူ ချာတိတ်မကြောင့် လင်းညမှာရယ်လည်းရယ်ချင်ပါသည်။ ဒီအိမ်မှာအိပ်ရင် နှစ်ယောက်တစ်ခန်းထဲ အိပ်ရမှာကိုကြောက်လို့ပဲထင်ပါရဲ့။ ဒါများ အတူမအိပ်ဖူးတာလည်းမဟုတ်ဘဲနဲ့...ဒီကလေးကတော့...
""အဟက်!""
""သား...ဘာတွေသဘောကျနေတာလဲ
ပန်းသီးစားလေ""""သြော်! ဟုတ်ကဲ့""
""ပြန်မယ်ဆိုလည်း ကားကိုဂရုစိုက်မောင်းနော် သား""
""ဟုတ်""
~~~~ 🍬 ~~~~
""ဒေါက် ဒေါက်""
""မမရေ""
""ဝင်လာလေ...ရှင်ရှင်""
အသံပေးလိုက်မှ တံခါးလေးလှပ်ခနဲပွင့်လာ၏။အရင်တစ်ခါက ပြောလိုက်လို့ထင်ပါတယ်။သူ့သဘောနဲ့သူ ဝင်မလာဘဲ တံခါးခေါက်ပြီးအသံပေးကာ ပြန်မဖြေမချင်းစောင့်နေလေရဲ့။
ESTÁS LEYENDO
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...