Part 69

6.4K 106 6
                                    

""မိုးရိပ် ရှင်ဘာတွေလျှောက်လုပ်နေတာလဲ
လမ်းဆုံးအထိမမိုက်ချင်ပါနဲ့...ကားကိုရပ်လိုက်ပါကျမတောင်းပန်ပါတယ် ဟင့်! ဟင့်!""

""တီ! တီ!""

အသံစာစာလေးဖြင့်ငိုကာပြောသော်လည်း အရှိန်ပြင်းစွာမောင်းနှင်နေသည့်ကားက လုံးဝရပ်တန့်ဖို့ရန်မရှိ။ကားလမ်းမကြီးဘက်ရောက်လာပြီမို့ ဘေး၌ရှိနေသည့်ကားမှန်သမျှကိုလည်းကျော်တက်ခဲ့ပြီး အနေအထားက ပရမ်းပတာတွေဖြစ်နေ၏။အနောက်မှာလည်း ဘုန်းနေလရဲ့ကားအပါအဝင် ရဲကားတွေတသီကြီး။ဒါဟာကြိုတွေးထားခဲ့သောအစီအစဥ်တွေထဲကနေ ချော်ထွက်ကုန်ပြီမို့ ချစ်ကြိုးတစ်ကိုယ်လုံးရေခဲတမျှအေးစက်လာကာ နှလုံးသွေးတွေပါဆောင့်တိုးနေ၏။

""ကားရပ်!
ကားရပ်လို့ပြောနေတယ်""

""အခုမှကြောက်မနေနဲ့
ငါသေရမယ်ဆိုရင် မင်းနဲ့အတူပဲဖြစ်ရမယ်""

ပြောရင်းမှပင် ကားလီဗာကိုဆောင့်နင်းလိုက်သည်မို့ အရှိန်ဟာမြန်သထက်မြန်လာသည်။အရာအားလုံးကို ဒီနေရာမှာအဆုံးသတ်ပစ်ဖို့လည်းတကယ်ပဲရည်ရွယ်ထားခဲ့၏။ထို့ကြောင့် အနားမှာမျိုးစုံအော်ဟစ်ရင်း လာရောက်ထုရိုက်ကုတ်ဖဲ့နေသည့်လက်လေးတွေအား ခပ်ကြမ်းကြမ်းရုန်းပစ်လိုက်ပြီးကားကိုသာဆက်မောင်းလာခဲ့သည်။နေရာအတော်များများကိုကျော်ဖြတ်လာပြီးနောက် တံတားတစ်စင်းပေါ်ရောက်လျှင်ပဲ ချစ်ကြိုးအသည်းတွေအေးသွားရကာ သူ့အားအလန့်တကြားပြန်လှည့်ကြည့်မိရင်းမှ...

""မိုးရိပ်! မိုးရိပ်!
ချစ်ကြိုးပြောတာနားထောင်ပါ၊အရာအားလုံးကဖြေရှင်းလို့ရပါတယ်၊ချစ်ကြိုးလည်းရှင်နဲ့အတူအဖမ်းခံပါ့မယ်...ဒါကြောင့်ကျေးဇူးပြုပြီးအသက်ရှင်ခွင့်လေးတော့ပေးပါနော်..အဟင့်!ဟင့်!ဟီး!""

""မတောင်းပန်နဲ့
ငါအသက်ရှင်လျက်နဲ့မင်းကိုတခြားလူရင်ခွင်ဆီသွားခွင့်မပြုဘူး...ငါသေရင်လည်းမင်းမရှင်ရဘူး""

""တီ! တီ!""

""ဟာကွာ!
တောက်!""

ရှေ့မှပရမ်းပတာသွားနေသောကားကိုကြည့်ကာ နေလရင်ထဲလည်းဗလောင်ဆူနေရချေပြီ။ကားရဲ့အရှိန်ကပြင်းလွန်းနေ၍ ဘေးမှာသွားနေသည့်ကားတွေနဲ့မကြာခဏငြိမိမလိုတွေဖြစ်ကာ လမ်းတစ်လျှောက်ဟွန်းသံတွေလည်းဆူညံနေ၏။ဘယ်အထိသွားနေမည်လည်းမသိရသလို လုံးဝလည်းရပ်တန့်ခြင်းမရှိသည်မို့ သူ့မှာကြာလေလေချစ်ကြိုးတစ်ခုခုထိခိုက်သွားမှာကို စိုးတထိတ်ထိတ်ဖြင့်ရင်ပူလွန်းရသည်။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now