Part 34

8.7K 152 0
                                        

"ခစ်! ခစ်! ငါလေးဘယ်လိုတောင်ဆိုးရတာလဲ""

""ဟောဗျာ! ဘာတွေကြည့်ပြီးသဘောကျနေတာလဲ ကလေးရဲ့""

ခုတင်စွန်းလေး၌ တင်ပါးလွှဲထိုင်ကာ လက်ထဲကိုင်ထားသည့်တစ်စုံတစ်ရာအားငုံ့ကြည့်၍ ကလေးလေးလိုတခစ်ခစ်အော်ရယ်နေသည့် ချစ်ရသူနွဲ့ဆိုးကြောင့် သူလည်းအနားလေးဝင်ထိုင်ပြီး လိုက်ငုံ့ကြည့်မိလျှင် တွေ့လိုက်ရသည်က စာရွက်လေးတစ်ရွက်။ တခြားတော့မဟုတ်ပါ။နှစ်ဦးသားလက်ထပ်စဥ်က ၂လနီးပါးခွဲနေရအောင် စည်းခြားစေခဲ့သော စာရွက်။ သူမလက်ရေးလေးနဲ့ကိုယ်တိုင်ရေးခဲ့သော 'ချစ်တယ် မပြောကြေး´ကတိစာချုပ်လေးပေါ့။

""ကိုကိုရယ် အဆိုးကလေ အရမ်းကလေးဆန်တာပဲနော်! ဘာတွေလျှောက်လုပ်မှန်းကိုမသိဘူး၊အိမ်ထောင်ပြုတာအဲ့လိုလုပ်လို့ရမလားလို့ တကယ်ပဲ...ခိခိ""

""ဟုတ်ပါ့ကွာ၊ ကိုကို့ဆိုးပေမလေးအခုတော့နားလည်ပြီမဟုတ်လား?အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်ရဲ့ဘဝကိုတစ်သားတည်းဖြစ်စေတဲ့အရာ၊ ဖူးစာဆိုတာက ဘဝနှစ်ခုကိုချည်နှောင်တဲ့ ကြိုး...ကလေးရဲ့။ လွယ်လွယ်ဆက်သွယ်လို့မရသလို လွယ်လွယ်ဖြတ်တောက်လို့လည်းမရဘူး""

""ဒါဆို ကိုကိုအဲ့တုန်းက ဘာလို့လက်မှတ်ထိုးပေးတာလဲဟင်""

""ကလေးပဲ လက်မှတ်မရရင်မင်္ဂလာခန်းမထဲ မဝင်ဘူးဆို""

""အဆိုးအဲ့လိုလုပ်တော့ ကိုကိုစိတ်မဆိုးဘူးလား""

""မဆိုးပါဘူးကွာ၊ ကိုကိုက မင်းဘာလုပ်လုပ်ခွင့်ပြုပြီးသား""

""ဆိုးကို ဘာလို့အဲ့လောက်အလိုလိုက်ရတာလဲ ကိုကိုရယ်၊ ကိုကို့ကြောင့်ပိုဆိုးလာမှာမကြောက်ဘူးလား""

""ကြောက်မကြောက်သိချင်ရင် ပိုဆိုးကြည့်လေ""

""ဟင့်အင်းပါနော်! ဆိုးကလိလိမ္မာမ္မာလေးပဲနေတော့မှာ...ကိုကို့သူငယ်ချင်းတွေနဲ့တွေ့တိုင်း ကလေးထိန်းကြီးလို့အစခံရမှာ သနားလို့""

""ဘယ်လို!""

အသည်းအသက်လေးရဲ့စကားသံမှာ နှလုံးသားတစ်ခုလုံး ဝုန်းခနဲ။လူကလည်း လေထဲလွင့်ခနဲ။ ကြည့်စမ်း! ဒီကလေးလေးဘယ်လောက်တောင်များ စကားတွေတတ်နေလိုက်သလဲ။ ချစ်လိုက်တာ...၊ချစ်လိုက်ရတာ ကိုယ့်သည်းငယ်လေးရယ်။ အချစ်တွေဟာ ရင်နဲ့မဆံ့လို့ နှလုံးသားတစ်ခုလုံးပေါက်ထွက်လုမတတ်ပါပဲ။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now