လူဆိုးမလေးဆီက ရင်ဖွင့်စကားကြားရပြီးသည့်နောက်မှာတော့ လင်းညအမြဲတွေးဖြစ်နေသော အရာသည် အရင်လောက်မရိုးရှင်းနိုင်တော့ပေ။ကလေးက အသက်ငယ်သေးလို့ ၊ ပညာရေးကိုအနှောင့်အယှက်ဖြစ်မှာစိုးလို့ စတဲ့စိုးရိမ်အတွေးတွေကိုလည်းခေါက်ထားလိုက်ပြီ။ သူမကတောင် ကိုယ့်အတွက်မစဥ်းစားပေးဘဲ တခြားသူနဲ့အနာဂါတ်အစီအစဥ်ရေးဆွဲနေသေးတာလေ...။ကိုယ်ကရော ဘာလို့ဘေးဖယ်ပေးနေရမှာလဲ...။
ဟက်!! ဘာတဲ့...အနာဂါတ်အတွက်ရွေးထားတဲ့ ကောင်လေးက မင်းမိန့်ပိုင်ရှင်ဆိုပဲ။ သူမအမြင်မှာ ကိုယ်က အဲ့ကလေးသာသာချာတိတ်လောက်တောင် အရာမရောက်ဘူးပေါ့လေ။ ဒါမှမဟုတ် လုံးဝကို ရင်ခုန်ရမယ့်သူအဖြစ်၊ ယောကျ်ားတစ်ယောက်အဖြစ် မမြင်တဲ့သဘောမျိုးလား။
""ကျစ်!...""
တွေးရင်း တွေးရင်းမှ အဖြေက မရနိုင်တော့ဘဲ စိတ်တွေတောင် မွန်းကြပ်လာရပါ၏။'ကိုကို့ကိုမချစ်ဘူး'လို့ပြောလိုက်သည့်စကားလေးက သူမအတွက် ဘာမှမဟုတ်ခဲ့ပေမယ့် ကိုယ်ကတော့ ပြန်ကြားယောင်လေတိုင်း ရင်နာရသည့်အဖြစ်။ ဒီတစ်ခုကတော့ မင်းစိတ်တိုင်းကျ ဖြစ်လာမဟုတ်ဘူးဆိုတာ ကိုကို့ဘက်ကသေချာတယ် ဆိုး...။ ကိုယ်မဟုတ်တဲ့ တခြားသူကိုရွေးချယ်ဖို့ မင်းကိုဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး ကလေးရယ်...ကိုယ် အတ္တဆန်မိတော့မယ်ထင်တယ်။
""ဒေါက်...ဒေါက်""
အလုပ်ချိန်မှာတောင် အတွေးထဲရှည်လျားစွာနစ်မျောနေရင်းမှ တံခါးခေါက်သံကြားမှသာ အသိပြန်ဝင်သွားရ၏။
""ချိန်းထားတဲ့ဧည့်သည်ရောက်ပါပြီ Boss""
""အင်း လွှတ်လိုက်""
"".......""
""မင်းနဲ့တွေ့ဖို့ကလည်းမလွယ်လိုက်တာကွာ
သူငယ်ချင်းအရင်းကြီးကိုတောင် စည်းကမ်းကြီးတယ်နော်""""သူငယ်ချင်းက သူငယ်ချင်း
စည်းကမ်းက စည်းကမ်းပဲ။ဒါနဲ့ ငါ့ကိုတွေ့ချင်တာဘာကိစ္စလဲ? ဖုန်းထဲမှာတော့ တော်တာ်အရေးကြီးနေတဲ့ လေသံပဲ""""အရေးကြီးတာပေါ့...ငါ မင်းကိုမေးချင်တာရှိလို့""
""အင်း...ဘာလဲ""
ŞİMDİ OKUDUĞUN
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romantizm''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...