""မေလေးရေ!
သမီးရောက်ပြီ""ကြည့်! လူကဖြင့်ကားပေါ်ကမဆင်းရသေး၊ အသံကအရင်အိမ်ထဲရောက်သွားလေပြီ။ သူတို့အိမ်ခွဲသွားပြီးနောက်ပိုင်းတော့ ဒီမှာလူကြီးတွေပဲကျန်ခဲ့တာမို့ တိတ်ဆိတ်ခြောက်ကပ်နေမှာပါ။ ဒီကလေးရောက်လာရင်တော့ဖြင့် နှစ်ဖက်အိမ်ကို တစ်လှည့်စီကူးကာ တီတီတာတာစကားပြောရင်း ရယ်မောသံလေးတွေ ဆူညံပျံ့လွင့်နေတတ်တာလေ။
""သမီးလေး
လာပါဦး...သမီးမလာတာကြာလို့မေလေးကသတိရနေတာ""""ဟီး ဟီး!
သမီးလည်း သတိရတာပေါ့""""ဒါနဲ့သားက ဒီနေ့ဘာလို့companyကိုမသွား...""
မေမေက ဆိုးလေးကိုမေးမည်ပြုပြီးမှ သူဝင်လာတာမြင်တော့ အကဲခတ်သလိုလှမ်းကြည့်၏။
""သား...မျက်နှာမှာဒဏ်ရာတွေနဲ့ဘာဖြစ်တာလဲ""
မေးမယ်ဆိုတာသိနှင့်သားပါပဲ။ ဖြေစရာအဖြေကိုလည်း သူကြိုတင်စဥ်းစားပြီးသားမို့ နှုတ်ကထွက်ရန်ပြင်လိုက်စဥ်မှာပဲ နွဲ့ဆိုးကအရင် သူ့မျက်နှာဆီလှည့်ကြည့်ကာ မေမေ့ကိုလည်းတစ်ချက်ပြန်ကြည့်ရင်းမှ...
""အဲ့ဒါကလေ သမီး...""
""ဒါ မတော်တဆချော်လဲလို့ထိမိတာပါ
ဘာမှမဖြစ်ဘူး""အနောက်ကနေ လက်လေးကိုဆတ်ခနဲလှမ်းဆွဲကာ သူမရဲ့လက်ဖဝါးလေးထံ လက်ညိုးဖြင့်ကုတ်ရင်းအချက်ပေးလိုက်တော့ မျက်လုံးဝိုင်းလေးက ဆတ်ခနဲမော့ကြည့်လာ၏။ သူမရဲ့သဘောအတိုင်းဆို ကွယ်ဝှက်တာတွေဘာတွေမရှိဘဲအမှန်ကိုပြောထုတ်ပစ်မှာ သူသိတာပေါ့။ ဒီကလေးက ဟန်ဆောင်ခြင်းအတတ်တွေ လုံးဝရှိသူမဟုတ်။သူကတော့ လူကြီးတွေရှေ့မှာ ဆိုးလေးရဲ့အပြစ်ရယ်လို့မဖြစ်စေချင်တာကြောင့် သည်လိုဖြေလိုက်ခြင်းပါ။
""ဖြစ်ရလေ! သတိထားမှပေါ့ သားရယ်""
""မင်းလည်း ရှင်ရှင်နဲ့ပေါင်းပြီး နမော်နမဲ့အကျင့်တွေကူးကုန်တာနေမယ်""
သူမရဲ့အမေကပါ ဝင်ပြောလိုက်၍ မျက်နှာလေးက စူပုပ်ပုပ်ဖြင့်ခေါင်းငုံ့သွားလေ၏။ဒါကိုပဲ လင်းညက လိုက်ကြည့်ကာ ပါးလေးကိုဖွဖွလှမ်းဆွဲလိုက်ရင်းမှ...
أنت تقرأ
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
عاطفية''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...