""ချစ်ကြိုး...မင်းကဘယ်လိုလုပ်ပြီး ဒီကို...""
မျက်စိရှေ့ပေါ်လာသည့်ချစ်ကြိုးကြောင့် မိုးရိပ်အတော်ပင်ထိတ်လန့်သွားရကာ လက်ထဲရှိနေသည့် အောက်စီဂျင်ပိုက်အားပြန်လွှတ်ချလိုက်၏။နှုတ်မှလည်း မေးခွန်းတစ်ခုကို တုန်တုန်ယင်ယင်မေးလိုက်မိပြီး တဆက်တည်းမှာ အတွေးထဲဝင်လာသည်က...
""ချစ်ကြိုးသွယ်...၊ချစ်သည်းရှင်
မဟုတ်မှလွဲရော...မင်းတို့က...""သဘောပေါက်လိုက်ပါပြီ။ သူတို့နှစ်ဦးက ညီအစ်မတွေ...။တစ်ဆက်တည်းမှာပဲ ချစ်ကြိုးကိုစတွေ့တုန်းကတည်းက တစ်နေရာမှာ ရင်းနှီးမိသလိုဖြစ်နေရတဲ့အခြေအနေဟာ ဘာကြောင့်မှန်းလည်းသိလိုက်ပြီ။ မင်္ဂလာပွဲ...၊Hotelမှာ ချစ်သည်းရှင်တို့လက်ထပ်ပွဲတုန်းကတွေ့ဖူးခဲ့တာကိုး။ ကြည့်စမ်း! လုံးဝသတိမထားခဲ့မိတာပါလား။ကိုယ်က ရန်သူလိုချာတိတ်ရဲ့အစ်မနဲ့မှသွားပက်သက်မိခဲ့တာပဲ...။သေပြီ...မိုးရိပ်ကင်း၊ မင်းအတွက် တကယ်ကိုလွတ်လမ်းမရှိတော့ဘူးပဲ။
""ရှင် သူ့ကိုသတ်ပစ်ဖို့လုပ်နေတာလား?""
""မဟုတ်ဘူး၊မဟုတ်ဘူး...ချစ်ကြိုး
မင်းအထင်လွဲနေပြီ၊ ကိုယ် မင်းရဲ့ညီမလေးကိုဘာမှမလုပ်ဘူးနော်၊တကယ်မလုပ်ဘူး...ကိုယ်ပြောတာယုံပါ""""အဲ့လိုဆို အားလုံးပြီးသွားမယ်ထင်လို့လား မိုးရိပ်
ရှင်လုပ်ခဲ့တဲ့အပြစ်က ဘယ်လောက်ကြီးလဲ ရှင်သိရဲ့လား?""""ကိုယ်က ကိုယ့်အလုပ်ကိုယ်လုပ်နေရုံပဲ
ဒါပေမဲ့ သူကဝင်လာပြီး ရှုပ်ခဲ့တာ၊ကိုယ်တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ရပါဘူးကွာ...မတော်တဆလက်လွန်သွားခဲ့တာပါ၊ကိုယ်ပြောတာ ယုံပေးပါ""""သူကတော့ အဲ့လိုပဲ တခြားသူရဲ့ဘဝမှာဝင်ပြီးရှုပ်ရတာကို ဝါသနာပါတယ်""
ကိုယ့်မှာသာအာရုံတွေထူပူပြီးငိုချမတတ်ရှိုးထုတ်တောင်းပန်နေသော်လည်း သူမလေသံကဖြင့်အေးစက်စက်ရယ်မို့ မိုးရိပ် အနည်းငယ်တောင်အံ့အားသင့်သွားရပါ၏။ဘာလဲ?ချစ်ကြိုးသွယ်က ဒီချာတိတ်ရဲ့ဘက်တော်သားမဟုတ်တဲ့သဘောလား?
""ချစ်ကြိုး ဒီကိစ္စကိုမမြင်ခဲ့ဘူးလို့ သဘောထားလိုက်မယ်...ရှင်သွားတော့""
BẠN ĐANG ĐỌC
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Lãng mạn''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...