"Ring Ring!""
အိမ်ကထွက်လာကတည်းက ဖုန်းတွေဆက်တိုက်ခေါ်နေတာ ရှင်ရှင်သိပါသည်။ခဏလေးမတွေ့တော့တာနဲ့ စိတ်ပူပြီးလိုက်ရှာနေမှာလည်းသိပေမယ့် ခဏလောက်ထွက်ကစားရမှကျေနပ်နိုင်မည်မို့ ယခုလိုလစ်ထွက်လာခြင်းပင်။သိပ်လည်းဝေးဝေးသွားဖို့မရည်ရွယ်ခဲ့၍ လမ်းထိပ်ဘက်ထွက်လာကာ ဟိုသည်ငေးရင်းဆက်လျှောက်ခဲ့၏။
ရှင်ရှင်တို့ရပ်ကွက်က ဆိတ်ငြိမ်ပြီးလုံးချင်းတိုက်အိမ်တွေသာများသည်မို့ သိပ်မစည်ကားလှပါ။လမ်းမကြီးဘက်မှာသာ အုန်းလက်မဏ္ဏပ်တွေများများစားစားရှိပြီး ရေပက်ပြေးလွှားနေသည့် ကလေးတွေလည်းအများကြီးမို့ ပြုံး၍လှမ်းငေးနေမိခိုက်...
""တီ! တီ! တီ!""
""ကျွီးး!""
""ခွမ်း!""
""ဟင်""
""ဟယ်! တိုက်မိကုန်ပြီ""
လမ်းမကြီးဘက်၌ မြန်ဆန်စွာဖြစ်ပျက်သွားသည့်အခြေအနေ...။ကားဟွန်းသံနှင့် ဘရိတ်ဆွဲသံတွေဆူညံသွားကာ လူတွေသည်လည်းရုတ်ရုတ်သဲသဲဖြစ်ကုန်၏။ ဘေးကနေရေပက်ခံကားတစ်စီးအရှိန်ပြင်းပြင်းကျော်တက်သွားခြင်းကို ကားလေးတစ်စီးကတစ်ဖက်သို့တိမ်းရှောင်ဆွဲကပ်ပေးလိုက်စဥ် ပလက်ဖောင်းမှလျှောက်လာသည့်အမျိုးသမီးတစ်ဦးကို တိုက်မိသွားသည်မို့ ထိုအမျိုးသမီးက ခွေခနဲလဲကျကာ ဦးခေါင်မှသွေးတွေလည်း လမ်းမထက်စိမ့်ထွက်အိုင်ထွန်းလာ၏။
ကိုယ့်ရဲ့အနီးဆုံး...မျက်စိရှေ့တင်ဖြစ်ပျက်သွားသည့်အခြေအနေမို့ ရှင်ရှင်လည်းရုတ်တရက်ကြောင်အ,ကာငေးနေမိရင်း ရင်တွေတဒိတ်ဒိတ်တုန်၍ ခြေထောက်တွေပင်ညွှတ်ခွေချင်သည်။
""သမီး! သမီး..ကျမသမီးလေးကိုကယ်ပေးပါ
သမီး!!!""လဲကျနေသည့်အမျိုးသမီးရဲ့နှုတ်ဖျားတို့ခပ်ဟဟပွင့်လာကာ ကယောင်ခြောက်ခြားအော်နေသည်က 'သမီးလေး´တဲ့! ကိုယ်တိုင်အပြင်းအထန်ဒဏ်ရာရသွားခဲ့သည့်တိုင် သူ့စိတ်ကတော့သားသမီးဇောနဲ့ နေရာမှအတင်းထရန်ပြင်လိုက်သော်လည်း လက်တွေ့တွင်တော့ မျက်လုံးများကမှိတ်ကျသွားခဲ့၏။
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...