Part 71

9.6K 122 3
                                    

""သမီးလေးရယ်
မပြန်ပါနဲ့ဦးကွယ်...သားကသမီးဆီလိုက်လာခဲ့တာမဟုတ်ဘူးလား?သမီးကမှမခေါ်ရင် သူဘယ်ကိုသွားရမှာလဲ""

""မသိဘူး၊သူ့ဘာသာပြန်သွားပါလေ့စေ
သမီးမခေါ်ဘူး""

ပါးစပ်ကနေသာပြောနေပေမယ့် ဒီကောင်မလေးမျက်လုံးထဲ စိုးရိမ်အရိပ်တွေအပြည့်အနှက်ပျော်ဝင်နေတာကို လူကြီးဖြစ်သူကတော့မြင်သည်။ကြည့်ရတာ ခင်ပွန်းနဲ့စိတ်အခန့်မသင့်ဘဲအိမ်ကထွက်လာခဲ့ပုံပါ။ရောက်စတုန်းကလည်း မှိုင်မှိုင်တွေတွေလေးနဲ့ နေထိုင်မကောင်းလည်းဖြစ်နေခဲ့တာ။ကိုယ်ရေးကိုယ်တာတွေမို့ အတွင်းကျကျမမေးဖြစ်ခဲ့ပေမယ့် ဒီကလေးမလေးမှာ ခင်ပွန်းသည်ရှိမှန်းတော့ သူတို့အားလုံးသိခဲ့ပြီးသား။

""ချစ်သည်းလေးရယ်
စိတ်ကိုခဏလေးလျှော့လိုက်ပါဦးနော်
အခုကသူ့အတွက်အရေးကြီးတယ်လေ...နေလည်းမကောင်းဘဲခရီးအဝေးကြီးကိုပြန်သွားရင် တော်ကြာလမ်းမှာတစ်ခုခုဖြစ်နေရင်ဘယ့်နှယ်လုပ်မလဲ""

""ဟင်!""

ဖြူလေးပြောတာလည်းဟုတ်နေသည်မို့ ရှင်ရှင်မျက်လုံးလေးဝိုင်းသွားကာ ခေတ္တမျှစဥ်းစားလိုက်ပြီးနောက်...

""အဲ့ဒါဆို...
အဲ့ဒါဆိုလည်း ဒီမှာပဲအိပ်ပါလေ့စေ""

""ဟယ်!သမီးရယ်
ဒါမြို့ကြီးပြကြီးကဆေးရုံမဟုတ်ဘူးလေ၊တိုက်နယ်ဆေးခန်းသေးသေးလေးမှာ ဘယ်လိုလုပ်ကြာကြာနေလို့ရမှာလဲ""

ဟင်!အဲ့ဒါလည်းဟုတ်သား။
ဒုက္ခနော်!ဒီလူကြီးကိုဘယ်နားထားရပါ့။

""အဟွန်း!""

စိတ်ကောက်နေတဲ့ ကလေးလေးတစ်ယောက်တော့အတွေးကျပ်နေပါပြီ။လူကအခန်းထဲမှာလှဲနေရပေမယ့် အခန်းပြင်ကတီးတိုးစကားသံလေးတွေကို သူကြားသည်။ကိုယ့်ကိုအိမ်မခေါ်ချင်လို့ဆိုပြီး အကြောက်အကန်ငြင်းနေတဲ့ကလေးငယ်ကြောင့် မပြုံးတာကြာပြီဖြစ်သောနှုတ်ခမ်းတွေက အလိုလိုပြုံးမိလာ၏။

ထိုစဥ် စောစောကဆိုးလေးဘေးမှာတွေ့လိုက်သောမိန်းကလေးကအခန်းထဲသို့ပြန်ဝင်လာကာ...

""ဟို! ဒီကအစ်ကိုသက်သာရဲ့လား""

""အင်း!""

""ဆရာဝန်က အိမ်ကိုပြန်လို့ရပြီပြောပါတယ်
ဖြူလေးတို့နဲ့လိုက်ခဲ့လိုက်ပါနော်""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя