Part 56

4K 68 2
                                    

မထင်မှတ်စွာကြားလိုက်ရသည့်စကားကြောင့် လူမှာ ရုတ်တရက်တောင့်တောင့်ကြီးငြိမ်သက်သွားရသလို နှလုံးခုန်သံတွေပင် ကပြောင်းကပြန်ဖြစ်ကုန်သည့်နှယ်...။ကလေးတဲ့! ဆိုးလေးဆီမှာ ရင်သွေးလေးရှိနေတယ်တဲ့လား။ သူ လုံးဝမျှော်လင့်မထားမိပါ။ ဘဝမှာ နွဲ့ဆိုးတစ်ယောက်သာ အရာရာအပိုင်စားယူနေပြီး ထိုကလေးငယ်ကိုထိန်းရတာနဲ့တင် လုံလောက်နေခဲ့ပြီးသား။ဒါကြောင့်ပဲ နောက်ထပ်ကလေးလေးတစ်ယောက်ကို အလိုရှိဖို့တောင် သူ့မှာမေ့နေခဲ့တာ။

အခုတော့ ကလေးလေးဆီမှာ ကလေးလေးတစ်ယောက်ထပ်ရှိနေပြီ။မကြာခင်မှာ ကိုယ်ဟာ ကလေးလေးနှစ်ယောက်ကို ပိုင်ဆိုင်ရတော့မှာပါလား။

ထိုအသိလေးကတင် ရင်ကိုတသိမ့်သိမ့်နွေးထွေးသွားစေတာအမှန်။ကြည်နူးခြင်းပီတိအဟုန်ကလည်း နှလုံးသားတစ်ခုလုံးပွင့်ထွက်တော့မတတ် လှိုင်းထန်ကာ ပြောစရာစကားတွေပင် နှုတ်ဖျားကနေ ရုတ်တရက်ထွက်မလာတော့ပေ။ ဆိုးရဲ့လက်ဖျားလေးကိုသာ ကိုယ့်လက်ဖြင့်တယုတယထပ်ကိုင် ထွေးဆုပ်ရင်း မျက်နှာအနားသို့ဆွဲယူကာ လက်ဖမိုးနုနုလေးပေါ် ဖိသိပ်နမ်းရှိုက်လိုက်မိ၏။

""ကျေးဇူးပါ ကလေးရယ်
ကိုယ်...ကိုယ်...တကယ်""

ဆောက်တည်ရာမရဖြင့် စကားလုံးတွေပါထစ်အနေသည့် သူ့ကိုကြည့်ကာ ဒေါက်တာကတော့ခပ်တိုးတိုးရယ်သည်။ထို့နောက် အားပေးဂုဏ်ပြုသည့်သဘောဖြင့် ပုခုံးပေါ်ခပ်ဖွဖွလာပုတ်ပေး၍...

""ပထမဆုံးဆိုတော့အရမ်းစိတ်လှုပ်ရှားနေတယ်ထင်တယ်...ဘာမှမဖြစ်ဘူးနော်၊ခဏနေရင် ရှင့်ကလေးသတိရလာပါလိမ့်မယ်""

""ဟုတ်ကဲ့! ဒေါက်တာ့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်""

အားပေးနေသည့် ဒေါက်တာကို အားနာစွာပြန်ကြည့်မိရင်း ကျေးဇူးတင်စကားတစ်ခွန်းတော့ဖြောင့်အောင်ပြောထွက်လိုက်နိုင်ပါသည်။ စောစောကတော့ စိတ်မရှည်စွာအော်ဟစ်နေခဲ့တာလည်း ကိုယ်ပဲမဟုတ်လား။အခုတော့ ရုတ်ချည်းပြောင်းလဲသွားရပြန်သည့် အခြေအနေ။

""ကိုယ်ဝန်က ၄ပါတ်ပဲရှိသေးတာမို့ အရမ်းတော့လနုပါသေးတယ်။တော်တော်လေးဂရုစိုက်ပေးရပါမယ်...လူနာကသွေးခုန်နှုန်းအားနည်းတယ်၊ပြီးတော့ ကိုယ်အလေးချိန်နည်းလွန်းတာ၊များလွန်းတာကလည်း ကိုယ်ဝန်ဆောင်ရာမှာသတိထားထိန်းသိမ်းရမယ့်အချက်ပဲ၊ ရှင့်အမျိုးသမီးက ကိုယ်ခံအားအရမ်းနည်းတယ် ဒီလိုသာဆို ကလေးကိုသန္ဓေဆောင်ထားဖို့အခက်အခဲရှိမှာစိုးရပါတယ်...သေချာဂရုစိုက်ပေးပါ""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now