Part 20

6.8K 122 0
                                    

""မင်္ဂလာပါ မမလေး
ကျမတို့က ဒီနေ့ကစပြီး အလုပ်ဝင်မယ့် အစေခံအသစ်တွေပါ""

ကိုကို့အတွက် breakfastပြင်ပေးရန်အောက်ထပ်သို့ဆင်းလာသည်နှင့် ထမင်းစားခန်းဝ၌တွေ့လိုက်ရသည့် လူတွေကြောင့် ရှင်ရှင်မျက်ခုံးလေးတစ်ချက် ပင့်မိရသည်။အိမ်ကို maidခေါ်တာ ဘယ့်နှယ် ၅ယောက်တောင်လဲ? ဒီအိမ်မှာလူဘယ်နှယောက်နေပြီး ခိုင်းစရာဘယ်လောက်များရှိနေလို့လဲ? ဦးလင်းညတို့ကတော့လေ လုပ်လိုက်ရင် ဒီအတိုင်းပဲ။

""ဆိုး..သူတို့ကိုမှတ်ထားနော်
လိုအပ်တာရှိရင် ခိုင်းလို့ရပြီ""

""ကိုကိုကလည်း maidခေါ်တာ တစ်ယောက်၊နှစ်ယောက်ဆိုတော်ပြီလေ...အိမ်မှာအလုပ်လည်းသိပ်မများဘဲနဲ့...ပိုက်ဆံဖြုန်းတာ တအားပဲ""

""အင်း...ကိုကိုလည်း လူတွေများတာမကြိုက်ပါဘူး
ဒါပေမဲ့ ဆိုးလေးကပျင်းတယ်ဆိုလို့""

""ဆိုးတို့ပတ်သက်မှုအကြောင်းတခြားလူတွေသိလို့မဖြစ်ဘူးလေ...လူကြီးတွေဆီပေါက်ကြားကုန်ရင်ဘယ့်နှယ်လုပ်မလဲ"""

""သူတို့ကို အပေါ်ထပ်မတက်ခိုင်းပါဘူးကွာ
သိလည်းမသိစေရဘူး""

""မရဘူး၊မရဘူး နှစ်ယောက်ပဲထားမယ်
ကျန်တဲ့သူတွေပြန်လွှတ်လိုက်""

""ကဲ! သဘောပါဗျာ
ဆိုးလေး ကြိုက်တဲ့သူကိုပြန်ရွေးလိုက်နော်၊ ပြီးတော့ ဆိုးသွားချင်တဲ့နေရာရှိရင်သွားဖို့ ကားအပိုယူလာပြီးပြီ...ဒရိုင်ဘာကိုက သွားမယ်ဆိုဖုန်းဆက်ခေါ်လိုက်...ဒါပေမဲ့ ကိုကိုနဲ့သွားတာကတော့အကောင်းဆုံးပဲ""

""ဟုတ်...ဒါနဲ့သူတို့ရောက်လာလည်း ကိုကို့ရဲ့မနက်စာ၊ညစာကို ဆိုးပဲပြင်ဆင်ပေးမှာနော်""

""ဟမ်!""

""ဘာလဲ...လန့်သွားတာလား
မစားချင်ဘူးပေါ့""

""မဟုတ်ပါဘူးကွာ..စားချင်ပါတယ်
စားမယ်နော်...ကြိုက်သလိုသာလုပ်""

သည်လိုဖြေလိုက်မှပဲ ချာတိတ်မကကျေနပ်သလိုလေးပြုံးသွားလေ၏။ထိုနေ့မှစ၍ သူ့ရဲ့မနက်စာတွေက ထုံးစံအတိုင်း ငန်မြဲ၊ငန်ဆဲ ထမင်းကြော်၊ရွှေညိုရောင်လေးသမ်းသော ပေါင်မုန့်မီးကင်၊တစ်ခါတစ်လေ အထူးအဆန်းနာမည်တွေနှင့် menuအသစ်တွေပါ မြည်းစမ်းပေးရင်း လူကအရသာခံအာရုံတောင် ပျောက်ဆုံးလာသလိုလိုပင်။သို့သော်လည်း မနက်အလုပ်မသွားခင် ကိုယ့်ဇနီးလေး ပြင်ဆင်ပေးသောbreakfastကို စားရသည့်အချိန်လေးက ဘာနဲ့မှမလဲနိုင်အောင်ကြည်နူးရပါသည်လေ...။ဖြစ်ပျက်နေသည့်အရသာတွေကိုသာ မစဥ်းစားရင်ပေါ့။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Donde viven las historias. Descúbrelo ahora