Part 25

6.3K 125 0
                                    

""ဒေါက် ဒေါက်!""

ကုတင်ထက်ငြိမ်သက်စွာလဲလျောင်းနေရင်းမှ တံခါးခေါက်သံ တိုးတိုးလေးကြောင့် ဖျတ်ခနဲမျက်လုံးပွင့်သွားရသည်။ အချိန်က ည၉နာရီတောင်ကျော်နေပြီပဲ။ဒီတစ်ကြိမ်မှာလည်း အိမ်ကအစေခံတစ်ယောက်ပဲဖြစ်မည်ယူဆကာ တံခါးကိုသွားမဖွင့်ဘဲနေလိုက်ပေမယ့် အဆက်မပြတ်ခေါက်သံက အချိန်အတော်ကြာသည့်တိုင် ပျောက်ကွယ်မသွားခဲ့။

!ဟိုကလေးများလား!

စိတ်ကတွေးမိသည်နှင့် လူကဖျတ်ခနဲထရပ်ပြီးသားပင်။သွားတော့လို့ပြောလိုက်တာနဲ့ လုံးဝကိုပေါ်မလာတဲ့ကလေး...။အခုမှဘယ်လေတိုက်ပြီး လူကိုသတိရပါလိမ့်!

""ဒေါက် ဒေါက်!""

""ကိုကို""

အတော်ကြာသည်အထိ တံခါးလာမဖွင့်တော့ အသံတိုးတိုးလေးဖြင့် ခေါ်မိသည်။ထိုစဥ်မှာပဲ ဖျတ်ခနဲတံခါးပွင့်သွားကာ ခပ်တည်တည်မျက်နှာကြီးဖြင့်စိုက်ကြည့်လာပြီး...

""ဘာဖြစ်လို့လဲ
အိပ်မပျော်ဘူးလား""

လာပြောသည့်အသံကြီးက အေးစက်စက်နှင့်မို့ သူ့မျက်နှာဆီမော့ကြည့်ကာ ချက်ချင်းပဲဝမ်းနည်းဆို့နင့်သွားရ၏။အခုထိ သူစိတ်ဆိုးနေတုန်းပဲကိုး။ သူနဲ့အရင်လိုအခြေအနေလေးပြန်ရအောင် ဘယ်ကဘယ်လိုစချော့ရပါ့မလဲ။တကယ်ခက်လိုက်တာ...အဟင့်!

လင်းညသည်လည်း အခန်းရှေ့တွေ့လိုက်ရသည့်မြင်ကွင်းလေးကြောင့် အံ့သြသွားခဲ့ရ၍ ရုတ်တရက်တောင့်တောင့်ကြီးငြိမ်သက်သွားရခြင်းပါ။တွေးထားသလို အမှန်တကယ်ပဲ ဆိုးလေးရောက်လာခြင်းဖြစ်ပြီး သူမက လူချည်းသက်သက်လာတာမဟုတ်ဘဲ စောင်နဲ့ခေါင်းအုံးတောင်ပါလာလိုက်သေးတာ။တကယ်ပဲ ဒီကလေးက ဘယ်လိုတွေဖြစ်လာပြန်ပါလိမ့်။

""မေးတာဖြေလေ""

""ဟို! ကိုကိုနေမကောင်းဘူးဆိုလို့လေ ဆိုးကစောင့်ပြီးအိပ်ပေးမလို့""

""ကိုယ့်အခန်းမှာ?""

""ဟုတ်""

""မလိုပါဘူး၊ကိုယ်နေကောင်းတယ်""

""မရဘူး၊ကိုကို့အခန်းမှာအိပ်မယ်""

တကယ့်ကိုဇွတ်တရွတ်လေးပါပဲ။စောင်နဲ့ခေါင်းအုံးကိုပိုက်ပြီး အခန်းထဲကျူးကျော်ရန်ပြင်နေပြီမို့ သူဘာမှဆက်မပြောတော့ဘဲ ခေါင်းငြိမ့်ပြကာ တံခါးရှေ့မှအနည်းငယ် ဖယ်ခွာပေးလိုက်လျှင် တဇွတ်ထိုးသမားလေးက တန်းခနဲအခန်းဆီဝင်သွားလေတော့၏။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ