Part 24

5.3K 99 1
                                    

လူက အလုပ်လုပ်နေသော်လည်း စိတ်ကတော့ ခဏတိုင်းလို အဝေးဆီလွင့်ပါးနေ၏။တခြားအကြောင်းတော့မဟုတ်။ လင်းညနဲ့ရှင်ရှင် လက်ထပ်ခြင်းနောက်ကွယ်က ကွာဟနေသောအကြောင်းအချက်တစ်ခုဆီသို့...။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ
ဘာကြောင့်ပဲဖြစ်ဖြစ် သူတို့ကြားမှာ လင်မယားသံယောဇဥ်မရှိဘူးဆိုမှတော့ ဒီအိမ်ထောင်ရေးဟာ ဟန်ပြသက်သက်ပဲပေါ့၊ ဒါဆို ယိုင်လဲပြိုကွဲဖို့လည်း လွယ်မှာပေါ့။

""အဟင်း!""

ကျေနပ်စွာတွေးနေရင်းမှ နှုတ်ခမ်းပါးတို့ အလိုလိုကွေးညွှတ်သွားရသည်။

ဒီလိုမှန်းမသိဘဲ သူတို့မင်္ဂလာပွဲကြောင့် ချစ်ကြိုးဘယ်လောက်တောင်မှစိတ်ဆင်းရဲခဲ့ရသလဲ?ဘုန်းနေလကိုအစားထိုးခဲ့တာတောင် မပျော်ပိုက်သည့်စိတ်က လင်းညကိုသာတမ်းတနေခဲ့တာ ကိုယ်သာသိရဲ့လေ။

ငါ နင့်ကို ငယ်ကတည်းကချစ်ခဲ့တာပါ လင်းညရယ်။ ငါ့ကိုမြင်အောင်မကြည့်ဘဲ တခြားသူကိုရွေးသွားခဲ့တဲ့အတွက်လည်း စိတ်နာခဲ့ဖူးတယ်...။ဒါပေမဲ့ ခဏပါပဲ။ငါက ဘယ်လိုလုပ်ပြီး နင့်ကိုကြာကြာမုန်းနိုင်ပါ့မလဲ။
နင်သိလား?
နင်သာ သူ့ကိုမရွေးခဲ့ရင် ငါလည်းငါ့ညီမလေးအပေါ်အမုန်းစိတ်တွေ ပေါ်လာခဲ့မယ်မထင်ဘူး။

ထားပါလေ၊ အခုတော့လမ်းစတစ်ခုရှိနေပြီပဲ။
ရှင်ရှင်က သိပ်ဆိုးတယ်။
တဖြေးဖြေးနဲ့နင်သူ့ကို စိတ်ကုန်လာအောင် ငါကူညီပေးမယ်။နဂိုကတည်းက အိမ်ထောင်ရေးမရှိတဲ့ လက်ထပ်ခြင်းပဲမဟုတ်လား၊ ဒီအတွက် ငါ တစ်ကြိမ်လောက်အခွင့်အရေးယူပါရစေတော့...။

ငါနင့်ကိုမပိုင်ဆိုင်ခဲ့ရရင်တောင် သူ့ကိုလည်း နင့်ရဲ့အဝေးရောက်သွားစေချင်တယ်။ ပြီးတော့ နင်ကိုယ်တိုင်က စွန့်ပစ်ရမယ်။

ဒီတစ်ခါလေးပဲ ငါ ချစ်သည်းရှင်ကိုနိုင်ချင်တယ်။

~~~~ 🍬🍬🍬🍬 ~~~~

""Ah! ငါနိုင်တော့မယ်""

""မနိုင်သေးပါဘူး၊ ကြည့်ထား""

နှစ်ယောက်သား ခေါင်းချင်းဆိုင်လျက် ဂိမ်းကိုသဲကြီးမဲကြီးကစားနေရင်း တစ်ချက်တစ်ချက်မှာအော်ဟစ်ငြင်းခုန်သံတွေကလည်း ထွက်လာရသေးသည်။လူသိပ်မများသည့် coffee shopလေးထဲမှာမို့ ဘေးဝန်းကျင်မှာ အသံတွေကလည်းတိတ်ဆိတ်၏။ထိုင်နေကြသူတွေက စုံတွဲတွေသာများသည်။ ကိုကို့ဆီကပြန်လာပြီးသည်နှင့် မင်းမိန့်ကသူ့မွေးနေ့အကြိုအတွက် မုန့်ကျွေးဖို့ခေါ်၍ ဤနေရာသို့ ရောက်လာရခြင်းပင်။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Onde histórias criam vida. Descubra agora