Part 52

4.3K 93 1
                                    

""Ring!""

ဆေးရုံရဲ့ကားပါကင်၌ ကားရပ်နေစဥ် ဖုန်းမြည်သံကြောင့်ထုတ်ကြည့်မိလိုက်တော့ အမေဖြစ်သူရဲ့နံပါတ်။

""Hello!""

""သား ဘယ်ရောက်နေပြီလဲ""

""Car parkingမှာပါ
အခုပဲတက်လာတော့မလို့
ကလေးနိုးလာလို့လား""

""ဟုတ်တယ် သားရေ
သိတဲ့အတိုင်း မင်းမရှိလို့ဂျီကျနေတယ်...ဘယ်လိုချော့ချော့မရဘူး""

""ဟုတ်ကဲ့၊ကျွန်တော်အခုတက်လာပြီနော်""

ဖုန်းချပြီးသည်နှင့် ကမန်းကတန်းကားပေါ်ကဆင်း၍ ဆိုးလေးရှိရာဆီအခန်းဆီအပြေးသွားရသည်။ချိန်းထားသည့်ကိစ္စကလည်းမသွားမဖြစ်မို့ သူမလေးမနိုးသေးလောက်သည့်အချိန်ကို မှန်းပြီးအမြန်ပြန်လာခဲ့တာတောင် အခုတော့...

""ကလေး""

အခန်းဆီရောက်ရောက်ချင်း သူမအနားအမြန်ပြေးသွားလိုက်တော့ ခုတင်ထက် ငြိမ်ငြိမ်လေးသာလှဲနေ၏။

""ခုနလေးတင်ငိုနေသေးတယ်
သောက်ဆေးတွေကပြင်းတော့ အဲ့ဒီ့အရှိန်ကြောင့်ပြန်ပြန်မှိန်းနေတာ""

""အင့်! အင့်!""

အိပ်ပျော်နေတာတောင် တအင့်အင့်ရှိုက်သံလေးကထွက်နေဆဲ။ပါးပြင်ပေါ်မှာလည်းမျက်ရည်စီးကြောင်းတွေကမခြောက်သေးသလို မျက်တောင်ဖျားလေးတွေအထိစိုစွတ်နေတာမို့ ကိုယ်မရှိခင်ဘယ်လောက်ငိုထားခဲ့မှန်းအသိသာပင်။သို့နှင့် သူမအနားလေးဝင်ထိုင်ကာ မျက်ခွံမို့မို့လေးတွေပေါ်ညင်သာစွာငုံ့နမ်းလိုက်ပြီးမှ...

""ကလေး
ကိုကိုပြန်လာပြီနော်""

""ဟင်! ကိုကို""

အသံကြားသည်နှင့်မျက်လုံးလေးဆတ်ခနဲပြန်ဖွင့်ပြီး လူကလည်းချက်ချင်းထဖို့ကြိုးစားသည်မို့ အလိုက်သင့်လေးထိန်းပေးတော့ ခေါင်းလေးကရင်ခွင်ထဲတိုးဝင်ကာ လက်လေးတွေကလည်းခါးဆီသို့မြဲမြဲမြံမြံချိတ်တွယ်၍...

""ကိုကိုဘယ်တွေလျှောက်သွားနေတာလဲ
ဆိုး မြင်နိုင်တဲ့နေရာမှာပဲနေလို့ပြောထားတယ်လေ၊ ခဏလေးပဲအိပ်ပျော်သွားတာကို နိုးလာတော့ ကိုကိုကရှိလည်းမရှိဘူး...အဆိုးမှာလန့်သွားတာပဲ""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now