""ကိုကို!!""
Company projectအတွက် meetingလုပ်ပြီးခဏလေးအနားရချိန်မို့ ရုံးခန်းထဲထိုင်ကာ စာရင်းဖိုင်တွေစစ်နေရင်း နားထင်ဆီလက်ထောက်လျက် တစ်ခဏမှေးမှိတ်အိပ်ပျော်သွားမိခိုက် ရုတ်တရက်နားထဲတိုးဝင်လာသော ခေါ်သံလေးကခပ်သဲ့သဲ့...။အနားနားကပ်ကာ ခေါ်လိုက်သည့်နှယ်နီးကပ်လွန်းစွာ ရောက်ရှိလာ၍ မျက်လုံးတွေဖျတ်ခနဲဖွင့်ကြည့်မိတော့ လက်ရှိပတ်ဝန်းကျင်ကိုသာမြင်ရ၏။
အိပ်မက်မက်လိုက်တာလား?။မဟုတ်သေးဘူး။ သူ အိပ်မက်မက်လောက်တဲ့အထိ အိပ်ပျော်နေခဲ့တာမဟုတ်ပါဘူး။ ခဏလေးမှေးနေမိရုံ။ ဒါပေမဲ့ဒီအသံလေးက ဘယ်လိုကြောင့်အာရုံမှာလာပြီးထင်ဟပ်ခဲ့တာလဲ? ပြီးတော့ အဖျားခတ်တုန်ယင်ပြီးရှိုက်သံတွေပါနေသည့်အသံလေးက ကိုယ့်ကိုတမ်းတမ်းတတလိုအပ်စွာ ခေါ်နေသည့်ပုံစံ...။
""ဆိုး...ကလေးကိုယ့်ကိုရှာနေတာလား?""
တွေးလိုက်မိရင်းမှပင် ရင်ထဲပြင်းပြင်းထန်ထန်လှုပ်ရှားလာသည့် နှလုံးသားက ဘာပြသာနာရှိသည်မသိ။ပူလောင်ခြင်းခံစားချက်တစ်ခုရင်ထဲစိုးမိုးလာကာ စူးစူးနစ်နစ်နာကျင်ရခြင်းက ရင်ထဲမှတစ်စုံတစ်ရာပျောက်ဆုံးသွားခဲ့သလို...။
""မဟုတ်သေးဘူး...ဆိုးလေးတစ်ခုခုများ...""
""ခွမ်း!""
မူမမှန်ခံစားချက်နှင့်အတူ ပူလောင်နေသည့်အတွေးကို မဆက်ဝံ့စွာပင် လက်ကလည်း ဖုန်းကိုကမန်းကတန်းကောက်ကိုင်မိတော့ စားပွဲထက်တင်ထားသည့် ကော်ဖီခွက်က ခွမ်းခနဲကျကွဲ၏။
""အ!""
""ကျစ်!""
စိတ်မရှည်စွာနှင့် အမြန်ကောက်လိုက်တော့ အကွဲစက လက်ထိပ်ပေါ်စူးမိပြန်၍ ဒဏ်ရာမှသွေးတွေစိမ့်ထွက်သည်။တော်ပြီ၊ဘာကိုမှလှည့်မကြည့်အားတော့သလို ဒဏ်ရာကိုလည်း တစ်ချက်မှပင်မကြည့်မိဘဲ ဖုန်းကိုသာအလျင်အမြန်ကောက်ယူရင်းမှ ဆိုးလေးဆီဆက်သွယ်မိတော့ ဖုန်းကPower off။
သို့နှင့်တရိပ်ရိပ်တက်သောစိုးရိမ်စိတ်ကြောင့် ရင်တွေဗလောင်ဆူလာကာ နောက်ထပ်နံပါတ်တစ်ခုအားထပ်နှိပ်ခေါ်လိုက်လျှင် ဤတစ်ကြိမ်ခေါ်ဆိုခြင်းကတော့ တစ်ဖက်လေလှိုင်းထံ ဆက်သွယ်သွားလေ၏။
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...