Part 66

5.5K 86 1
                                    

"တီ! တီ!""

လူတစ်ကိုယ်လုံးအားအင်မဲ့စွာ အိပ်ယာထက်ခွေခွေခေါက်ခေါက်လဲနေရင်းမှ အလွတ်မှတ်မိနေသည့်ကားသံကြောင့် ဆတ်ခနဲထလိုက်မိ၏။မေမေ့ဆီသွားဖို့ကြိုးစားပေမယ့်လည်း ထပ်ပြီးကြားရမည့်အဖြေစကားကို ရင်ဆိုင်နိုင်စွမ်းမရှိ။ဘာကိုမှဆက်မလုပ်ခင်၊မသိရခင် ကိုကို့ကိုပဲအရင်ဆုံးတွေ့ချင်ပြီးအရင်ဆုံးပြောပြချင်လွန်း၍ ရှင်ရှင် အိမ်ကိုပြန်လာကာ တစ်ညနေလုံးအားတင်းစောင့်မျှော်နေခဲ့ခြင်းပင်။

အခုတော့ကိုကိုပြန်လာပြီဟူသောအသိလေးကြောင့် ရှင်ရှင့်ရင်ထဲအင်အားလေးတစ်ခုရောက်လာကာ ချက်ချင်းထရပ်လိုက်မိတော့ ချော်လဲကျထားသည့်ခြေထောက်က နာကျင်သွားရ၏။သို့သော်ဘာကိုမှဂရုစိုက်မနေဘဲ ရီဝေမူးနေသည့်အာရုံကိုလည်းလျစ်လျူရှုကာ အခန်းအပြင်ဘက်ပြေးထွက်ခဲ့လေတော့...

""ကိုကို!""

အားကိုးတွယ်တာရမည့်ရင်ခွင်ကိုတွေ့ခါမှ ဝမ်းနည်းစိတ်တို့ ရင်ထဲကုဋေကုဋာမင်းမူလာပြန်ကာ သူ့မျက်နှာဆီအားကိုးတကြီးမော့ကြည့်မိ၍...

""အဆိုးလေ
ကိုကို့ကိုပြောပြစရာရှိတယ်""

""အင်း!ကိုယ်လည်း ကလေးကိုမေးစရာရှိတယ်""

ခပ်အေးအေးလေသံဖြင့်သာပြောလာရင်း သူကရှင်ရှင့်မျက်နှာဆီစိုက်ကြည့်နေ၏။နှုတ်ကဘာမှမမေးရသေးသည့်တိုင် နားလည်မလွယ်သောအဓိပ္ပာယ်တွေရှက်သန်းနေသည့်သူ့မျက်ဝန်းများက အနည်းငယ်လန့်ဖို့ကောင်းသည်မို့ ရှင်ရှင်မျက်လုံးပြူးလေးဖြင့်ကြောင်ငေးနေမိကာ ရင်တွေလည်းတလှပ်လှပ်တုန်လာသည်။ကိုယ်ပြောမယ့်စကားကိုလည်း မဟရဲတော့စွာ သူ့ရှေ့၌ ခြေစုံလေးရပ်နေမိရင်းမှ...

""ကိုကို ဘာ...ဘာဖြစ်လို့လဲဟင်""

""ဒီနေ့မင်း သူနဲ့ထပ်တွေ့ခဲ့ပြန်ပြီနော်""

""သူ? သူဆိုတာ...""

""မင်းမိန့်ပိုင်ရှင်
သူနဲ့မင်းရဲ့ပတ်သက်မှုကဘာလဲပြော...ကိုယ့်ကိုရှင်းအောင်ပြောစမ်း""

တစ်ညနေလုံးစိတ်ထဲတနုံ့နုံ့ဖြင့် မျိုသိပ်ထားမိသောစကားက သူမမျက်နှာလေးမြင်သည်နှင့်မထိန်းနိုင်စွာပြောထွက်သွားခဲ့၏။မြင်လိုက်ရုံနှင့်ပင် သူမမျက်နှာပေါ်မှာတစ်စုံတစ်ရာထူးခြားနေတာသိပေမယ့် ဘာမှမမေးဖြစ်ရခင် ကိုယ်အရင်ပြောလိုက်သည်မို့ မျက်နှာလေးငယ်သွားရင်း လက်လေးတကာကာဖြင့်...

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now