Part 17

6.4K 131 0
                                    

နောက်ဆုံးတော့ မင်္ဂလာပွဲရက်သို့ပင် ရောက်ရှိလာခဲ့ချေပြီ။ ပန်းရောင်နဲ့အဖြူရောင်ကိုသာ အသားပေးပြင်ဆင်ထားသည့် ပွဲအပြင်အဆင်က လှပခမ်းလွန်းသည်ဟု လူတိုင်းပါးစပ်ဖျား၌ ကြားနေရသလို အဆိုဆုံးဂယက်ထနေသည်က သတို့သမီးအရံတစ်ဖြစ်လည်း ရှင်ရှင့်ရဲ့သူငယ်ချင်းနှစ်ယောက်ပင်။

""ရှင်ရှင်တို့က ကံကောင်းချက်ဟယ်
မိန်းကလေးဆိုတာ တစ်သက်မှာတစ်မင်္ဂလာတဲ့
ဒီလိုတစ်ခါတည်းရတဲ့အခွင့်အရေးမှာ ခမ်းခမ်းနားနားမင်္ဂလာဆောင်ရတာ...ရှယ်ပဲ""

""နင်တို့ ငြိမ်ငြိမ်နေပေးလို့ရမလား
ကိုယ့်အခန်းကိုယ်နေကြလေ""

""ဒီHotelက ကိုကိုတို့ပိုင်တာဆို ဟုတ်လား""

""ဟုတ်တယ်""

""ဟာ...ကိုကိုကအရမ်းချမ်းသာတာပဲ
ရုပ်လည်းချော၊ချမ်းလည်းသာတဲ့အပြင် နင့်ကိုလည်းအရမ်းအလိုလိုက်...ရှင်ရှင်မရယ် နင့်ကံကောင်းချက်က လွန်တယ်""

""ခန်းမထဲမှာပြင်ထားတာကလည်း ပန်းရောင်တွေများတယ်...နင့်ကိုလည်းပန်းရောင်ပဲဆင်ထားတာဆိုတော့ နင့်ကိုကိုကပန်းရောင်ကြိုက်လို့လား""

""မဟုတ်ပါဘူး...ငါနဲ့လိုက်တယ်ဆိုပြီး ဝတ်ခိုင်းတာ""

""လှတယ်...တော်တော့်ကိုလှတယ်
နင့်လူလောက် အသေးစိတ်ဂရုစိုက်တတ်တဲ့သူ နောက်တစ်ယောက်တောင်ရှိမှာမဟုတ်ဘူး""

ကြားရသမျှမှာတော့ သူ့ကောင်းကွက်တွေချည်းပဲမို့ ရှင်ရှင်လည်း ဘာမှဆက်မပြောသာစွာ မိတ်ကပ်ပြင်ပေးသူဘက်သာ အာရုံတစိုက်ကြည့်နေလိုက်တော့သည်။ make-upကတော့ သိပ်လိမ်းနေကျမရှိ၍ အခုမှအဆန်းတကြယ်လိုက်ကြည့်နေမိပြန်၏။ တော်ရုံဆို အပြင်ထွက်ရင် serumနဲ့milk creamပါးပါးလေးလိမ်းပြီး နှုတ်ခမ်းကိုတောင် အရောင်တင်ချင်မှတင်သူက အခုတော့ မိတ်ကပ်လိမ်းပုံအဆင့်ဆင့်မှာ နာရီနဲ့ချီပြီးတောင်ကြာနေရသည်မို့ စိတ်ကမရှည်ချင်တော့ပေ။

""သမီး...မျက်နှာကိုပြုံးပြုံးရွှင်ရွှင်ထားလေ
စူပုပ်မနေနဲ့""

""အမလေး...သူကနေရင်းထိုင်ရင်းကိုစူပုပ်နေတာ အန်တီရေ""

""မေမေ...မမရော""

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now