""ကျမတို့လမ်းခွဲမယ် ဘုန်းနေလ""
ရုတ်တရက်ကြီးပြောထွက်လာသောစကားကြောင့် နေလရင်ထဲဆွံအသွားရ၏။ တစ်ခါမှတွေ့မယ်ပြောပြီး စတင်ချိန်းဆိုခြင်းမပြုဖူးတဲ့ ချစ်ကြိုးက တွေ့ချင်တယ်ပြောလာ၍ ပျော်ရွှင်စွာရောက်လာခဲ့ရသည့် 'သူ´ ...ဒီနေရာတင်သေပွဲဝင်လိုက်ရသည့်နှယ်။ နှလုံးသားတစ်ခုလုံး ဝုန်းခနဲပြိုလဲသွားရသလို၊ ရင်တစ်ခုလုံး ဟာခနဲ။ ထိုစကားကြားလိုက်ရသည့် အခိုက်အတန့်မှာ အသက်ရှူပင်ခေတ္တရပ်တန့်သွားခဲ့တယ်ဆိုတာ ဝန်ခံချင်ရဲ့။
မင်းကတော့ ကိုယ့်ကိုရက်စက်ပြန်ပါပြီ မိန်းကလေးရယ်...။
ရင်မှာဆတ်ဆတ်ခါနာကျင်လာရပေမယ့် အကြောင်းပြချက်ကိုလည်းမေးမနေချင်ပါ။ သူမရင်ထဲမှာ အစကတည်းက 'ကိုယ်´ဆိုတာမရှိခဲ့မှန်း သိနေတာပဲမဟုတ်လား။ သိသိလျက်နဲ့ရူးမိုက်စွာပေကပ်တိုးဝင်နေမိတဲ့ လိုသုံးဘဝကို သူမကအခုအဆုံးသတ်ပေးတော့မည်တဲ့!
ဒီတော့ ကိုယ်ကပျော်ရမှာလား?
အသည်းပဲကွဲရတော့မလား?နာကျင်စွာတွေးရင်းမှ မဲ့ပြုံးတစ်ချက်ပြုံးမိစဥ် သူမကလည်း မျက်နှာချင်းဆိုင်တည့်တည့်၌လာရပ်၍...
""ဒါနဲ့ တစ်ခုမေးပါဦးမယ်၊ ကျမစိတ်ထဲဘယ်သူရှိမှန်းရှင်သိလျက်နဲ့ ဘာလို့ရှင့်သဘောအတိုင်းတွေလျှောက်လုပ်နေတာလဲ?""
""မင်းဘာကိုဆိုလိုလဲ...ကိုယ်မသိဘူး""
""မိဘတွေသဘောတူတဲ့ကိစ္စဘာကြောင့်အသစ်ပြန်ဖြစ်လာတာလဲ? လက်ထပ်ပေးချင်တယ်ဆိုတဲ့ကမ်းလှမ်းမှုဘာကြောင့်ထပ်ထွက်လာတာလဲ""
သွားပြီ။ဒီကိစ္စကို သူလုံးဝမသိခဲ့မိဘူးပဲ။ ကျစ်!မာမီတို့က မပြောမဆိုနဲ့ဘာတွေဘယ်လိုလုပ်ပြန်တာပါလိမ့်!
""Sorry! ကိုယ်အဲ့ကိစ္စလုံးဝမသိခဲ့ဘူး""
""ဒါကြောင့်ပဲ၊ကျမရှင်နဲ့လမ်းခွဲချင်တာ
ရှင်နဲ့ဆက်တွဲနေရင် အဲ့လိုစိတ်ပျက်စရာကိစ္စတွေကပြီးမှာမဟုတ်ဘူး၊အာရုံနောက်တယ်""""ဒါဆိုမင်းက ကိုယ့်ဆီမလာဘူး၊လုံးဝအလျှော့မပေးနိုင်ဘူးဆိုတဲ့သဘောလား ချစ်ကြိုးသွယ်...ကာမပိုင်ဇနီးမယားရှိတဲ့ယောကျာ်းတစ်ယောက်ကို မင်းမို့လို့မက်မောနေသေးတယ်""
VOUS LISEZ
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Roman d'amour''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...