Part 53

4.4K 67 0
                                    

""ဟင်! ဟိုလူက...""

ရှင်ရှင် ကားပေါ်မှာပဲလိလိမ္မာမ္မာလေးထိုင်၍ ကိုကို့ပြန်အလာကိုစောင့်နေရင်း ဘေးပတ်ဝန်းကျင်သို့ မျက်လုံးလေးရွှေ့ကာ ဟိုဟိုသည်သည်ကြည့်မိခိုက် မလှမ်းမကမ်းရှိ အထပ်မြင့်အဆောက်အအုံတစ်ခု၏မြေညီထပ်ထောင့်အကွယ်တွင်ရပ်နေသော လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။အင်္ကျီအနက်၊ဘောင်းဘီကလည်းအနက်နှင့် မျက်နှာထက်maskအမဲရောင်တပ်ကာ ဦးထုပ်ကိုလည်းခပ်ငိုက်ငိုက်ဆောင်းထားသည့် ထိုလူရဲ့မျက်လုံးတို့က ရှင်ရှင်ရှိရာဆီတန်းတန်းမတ်မတ်ကြည့်နေသလိုပင်။ကားလမ်းတစ်ဖက်ခြားနေ၍ အသေအချာသဲသဲကွဲကွဲမမြင်ရသည့်တိုင် အရပ်အမောင်းနှင့်ပုံစံကိုမှန်းကာ ဟိုလူဖြစ်နေမလားဆိုသောအတွေးကြောင့် စူးစမ်းချင်စိတ်နဲ့အတူ လူကလည်းကားပေါ်မှဖျတ်ခနဲဆင်းခဲ့သည်။

သို့သော် အပြင်ရောက်သည်နှင့် ထိုနေရာကိုပြန်လှည့်ကြည့်တော့ လူရိပ်ကရှိမနေဘဲ ပျောက်သွား၍ ရှင်ရှင့်မှာအူကြောင်ကြောင်လေးဖြင့် မျက်မှောင်ကျုံ့မိရကာ...

""ခုနကအဲ့နားမှာ ရပ်နေပါတယ်""

ကိုယ့်အထင်ကိုအတည်ပြုချင်သည့်စိတ်ကြောင့် ကားနားကနေခြေကိုစလှမ်းခဲ့သည်က ထိုလူရိပ်တွေ့လိုက်ရာ နေရာသို့...။ကိုကိုသိရင် ဆူမှာစိုး၍ သူဝင်သွားသည့်ဆိုင်ထဲကို မျက်လုံးပြူးလေးဖြင့်ပြန်ချောင်းလိုက်ပြီး မလာသေးတာသေချာမှ ကားလမ်းတစ်ဖက်ကိုအပြေးကူးခဲ့၏။

မရှိပါ၊ထိုနေရာမှာ ပုံမှန်သွားလာနေသူတစ်ချို့ကလွဲပြီး မသင်္ကာစရာလူမရှိ။ ဒါဆို ရှင်ရှင့်စိတ်ထဲအစိုးရိမ်လွန်နေသည့်အစွဲကြောင့် အမြင်တွေမှားနေတာလား?

စိတ်ထဲအနည်းငယ်အတွေးများလာသည်နှင့် ရင်ထဲတလှပ်လှပ်တုန်ကာ ခေါင်းတွေလည်းမူးမိုက်လာသည်။နေပြင်းသည့်အရှိန်ကြောင့်ပဲလားမသိ၊ မျက်လုံးထဲအမြင်တွေဝေဝါးလာပြီး ပတ်ဝန်းကျင်ကအရာတွေကိုတောင် နှစ်ထပ်၊သုံးထပ်တွေမြင်၍ ချာချာလည်မူးလာ၏။မဖြစ်ဘူး၊ လဲကျသွားလို့တော့မဖြစ်ဘူး...ဆေးရုံဆင်းခွင့်ရဖို့ခက်ခက်ခဲခဲပူဆာပြီး မနေ့ကမှအိမ်ပြန်ရတာကိုအခုဒီနေရာမှာသာ တစ်စုံတစ်ခုဖြစ်ရင် ချက်ချင်းဆေးရုံပြန်တက်ရမှာမဟုတ်လား။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now