Part 63

5.1K 96 3
                                    


""နင်ဘယ်လိုရိပ်မိခဲ့တာလဲ""

လှုပ်ရှားနေသည့်စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ တည်တည်ငြိမ်ငြိမ်မေးခွန်းထုတ်လိုက်မိသည်။သူသိသွားပြီဆိုမှတော့လည်း ချစ်ကြိုးဘက်က ထပ်ပြီးကွယ်ဝှက်နေဖို့ရန်အကြောင်းမရှိ။တဆတ်ဆတ်တုန်ယင်နေသောနှုတ်ခမ်းပါးလေးကိုသာ ခပ်နာနာဖိကိုက်ထားမိ၏။

""မင်းရဲ့အောက်တန်းကျတဲ့အပြုအမူတွေကပဲသိခဲ့တာ...ငါ့ကလေးအပေါ်မင်းဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့မှန်းငါအကုန်သိပြီးသား""

""အဟင်း! ငါ့ကလေး...
ဒီလိုဆိုတော့ နင်သူ့အပေါ်စိတ်ဆိုးပြနေတာတွေက တကယ်မဟုတ်ခဲ့ဘူးပေါ့""

""နွဲ့ဆိုးက ဒီတစ်သက်မှာငါအချစ်ရဆုံးမိန်းကလေး...ဘာကြောင့်၊ဘာအတွက်နဲ့မှ ကလေးအပေါ် ငါပြောင်းလဲမှာမဟုတ်ဘူး...အခုပြော!မင်းလုပ်ခဲ့တဲ့ယုတ်မာမှုတွေနဲ့ပတ်သက်ပြီး ငါအကုန်အမှန်အတိုင်းသိချင်တယ်""

""မေးမနေပါနဲ့တော့
အဖြေကိုနင်သိပြီးပြီပဲ""

""မင်းတို့မိသားစုဝင်မဟုတ်တာလေးတစ်ခုနဲ့တစ်သက်လုံးအတူနေလာတဲ့သံယောဇဥ်ကိုတောင် မငဲ့ညှာဘူးလား။ကလေးက မင်းကိုသိပ်ချစ်တာသိလျက်နဲ့တောင် မင်း...""

""နောက်ထပ်အကြောင်းအရင်းက နင်လေ
သူဘယ်ဘဝကလာခဲ့လဲနင်သိလား?သူ့အမေဆိုတာ လမ်းတကာခြေဦးလှည့်ပြီး စျေးဗန်းကိုခေါင်းပေါ်ရွက်ရောင်းရတဲ့ အောက်ခြေလူတန်းစား။သူကလည်း အဲ့လိုအဆင့်ကကလေးပဲဖြစ်ရမှာ...ဒါပေမဲ့ငါ့မိဘတွေကသူ့ကိုမွေးစားတယ်၊ငါနဲ့တန်းတူထားတယ်...ပြီးတော့ ငါ့ထက်ပိုချစ်တယ်...နင်ကလည်းငယ်ငယ်ကတည်းကသူ့ကိုပဲချစ်တယ်...နောက်ဆုံးအထိသူ့ကိုပဲရွေးခဲ့တာလေ""

"".....""

""ငါဘယ်လိုခံစားခဲ့ရလဲသိလား?နင်တို့သိကြလား?ဂရုစိုက်ခဲ့လား?ငါပိုင်ဆိုင်ရမယ့်အရာတွေကို သူပဲယူသွားခဲ့တာ ငါသူ့ကိုမမုန်းသင့်ဘူးလား...ငါ...ငါ...အဟင့်!!""

ချစ်ကြိုးတစ်သက်လုံး ရင်ထဲသိုသိပ်ခဲ့ရသည့်နာကျင်ခြင်းတွေအား အစီအရီထုတ်ပြောအော်ဟစ်မိရင်း မျက်ရည်တွေလည်းဒလဟောစီးကျကုန်သည်။သူကတော့ ခပ်စူးစူးမျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေ၏။အတိအကျပြောရရင် အခုချိန်ထိသူ့မျက်ဝန်းထဲမှာ ဂရုဏာအရိပ်တို့မရှိ။ရွံရှာမုန်းတီးခြင်းတို့သာ ပြည့်နှက်နေပြီး ခဏအကြာမှာတော့ရက်ရက်စက်စက်မျက်နှာလွှဲပစ်သည်။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now