Part 50

5.3K 94 0
                                    

""တောက်!""

နာရီများစွာကြာသည့်တိုင် နေရာမှမထမိဘဲ သူမမျက်နှာလေးကိုသာ ငေးကြည့်နေရင်း ယူကျုံးမရအတွေးတွေက ရင်မှာပြင်းပြင်းပြပြပူလောင်နေသည်။ ကိုယ့်ကိုယ်ကို ဒေါသဖြစ်စွာ တက်ခေါက်မိသည့်အကြိမ်ရေပေါင်းလည်းမနည်း။ ခပ်တင်းတင်းဖိဆုပ်ထားလက်တွေ၊ နာနာကျင်ကျင်ဖိကိုက်ပစ်ထားသည့်နှုတ်ခမ်းတွေမှာလည်း ဒဏ်ရာပေါင်းမနည်း။ သတိရလာစဥ်ခဏလေးမှာ ကြိုးစားပြောသွားခဲ့သည်က ကိုယ့်အတွက်တွေချည်းပဲ။ ဒီအချိန်အထိတောင် ကိုယ့်အတွက်ပဲစဥ်းစားပေးနေတယ်။ဘယ်လောက်တောင် ရင်နင့်ဖွယ်ကောင်းလိုက်တဲ့ ဖြစ်ခြင်းပါလဲ။

!!ဆိုးကြောင့် ကိုကိုအသက်အန္တရာယ်ဖြစ်လုမတတ်ထိခိုက်ခဲ့ဖူးတယ်လေ...အဲ့ဒါကိုပြန်စဥ်းစားမိတိုင်း ဆိုးအရမ်းကြောက်တာပဲ၊ နောက်ဆိုဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် ကိုကိုထိခိုက်မှာ၊နာကျင်မှာကို ထပ်ပြီးခွင့်မပြုတော့ဘူး...ဆိုးက ကိုကို့ကိုကာကွယ်မယ်၊ နေမကောင်းမဖြစ်အောင်လည်း ဂရုစိုက်မယ်!!

!!အဆိုးတကယ်ပြောနေတာ...၊နောင်တစ်ချိန် ကိုကို့ဆီအန္တရာယ်တစ်ခုခုများရောက်လာခဲ့ရင်လေ...စိတ်ချ!ကိုကိုဘာမှမထိခိုက်စေရဘူး...အဆိုးရဲ့ဒီအသက်ကို ရှင့်ဆီပေးမှာ!!

တစ်ချိန်က သူမပြောခဲ့ဖူးသောစကားလေးအား ပြန်ကြားယောင်မိတော့ရင်မှာစူးစူးနစ်နစ်နာသည်။တကယ်ကို အဲ့ဒီ့စကားအတိုင်းသက်သေပြခဲ့တာပဲကိုး...၊အင်အားသေးသေးလေးနဲ့ကိုယ့်ကိုကာကွယ်ဖို့ကြိုးစားပေးခဲ့တာကိုး...။

""ကလေးရယ်...မင်းကွာ!!""

""အင့်! ဟင်း!""

ရင်ကွဲလုမျှနာကျင်ခြင်းနဲ့အတူ သနားစဖွယ်မျက်နှာလေးထံ စူးစူးစိုက်စိုက်ကြည့်နေမိစဥ် ဖြူလျော့လျော့နှုတ်ခမ်းပါးလေးလှုပ်ခတ်လာပြီး မျက်ဝန်းတွေပါ ခပ်ဖြေးဖြေးပွင့်လာ၏။သို့နှင့် လင်းညလည်းလှုပ်လှုပ်ရှားရှားဖြင့် ထရပ်လိုက်မိပေမယ့် ဘယ်နေရာလေးကိုထိတွေ့ကိုင်တွယ်ရမယ်မသိစွာ သူ့လက်တွေက ဆိုးလေးရဲ့မျက်နှာအနားလှမ်းမိရမလို၊ လက်ဖျားလေးဆီဆုပ်ကိုင်ရမလိုနှင့်ရှုပ်ယှက် ဗျာများနေရင်းမှ ခုတင်ဘေးနေရာလွတ်လေးကိုသာ လက်ထောက်၍ စိုးရိမ်တကြီးငုံ့ကြည့်မိကာ...

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now