""ဆိုး...ကလေးလေး
ကိုကို ဒီနေ့ကျန်တဲ့ အလုပ်scheduleအားလုံးရှင်းလိုက်ပြီသိလား...ဒီတော့ကိုယ့်ကလေးဘယ်သွားချင်လဲ၊ဘာလုပ်ချင်လဲ ပြော""""အိမ်ပြန်မှာ""
ဟောကြည့်! လင်းညရိပ်တို့ပိုးစိုးပက်စက်အချေခံရပါပြီ။ ချာတိတ်မက အိမ်အပြန်လမ်းတစ်လျှောက်လုံး ငြိမ်နေကာ ဖုန်းပဲသုံးနေတာမို့ ကိုယ့်မှာဖြင့်နေမရထိုင်မရနဲ့ မျက်နှာလေးထံတကြည့်ကြည့်။ အရဲစွန့်ကာ စကားလေးစပြောတော့လည်း လူကိုတစ်ချက်မှမကြည့်ပါဘဲ ဆောင့်အောင့်ဖြေသည်။သို့သော် အငိုတော့တိတ်သွားတာမို့ တကယ်တော်ပါသေး၏။
""ကိုယ့်ကလေးဗိုက်ဆာနေလား
နေ့လည်စာရောစားထားရဲ့လားကွာ""""ဟင့်အင်းလေ၊ ကိုကို့ဆီလာရင်းအတူတူစားဖို့ယူလာတာ...အဲ့မှာမှောက်သွားပြီ အကုန်""
""ဟာ!ဒါဆို ကလေးဗိုက်ဆာနေမှာပေါ့
ဘာလို့စောစောမပြောတာလဲ ကလေးရဲ့""""ကိုကိုမှမမေးဘဲနဲ့""
ကဲ! ဒါလည်းပဲကိုယ့်အပြစ်ပေါ့လေ။ စူစူပုပ်ပုပ်လုပ်နေတဲ့ရုပ်လေးကိုက ဘယ်လိုဖျစ်ညှစ်ပစ်ချင်စရာကောင်းမှန်းမသိ။ စူထော်ထားသည့်နှုတ်ခမ်းလေးဟာလည်း လူကိုနမ်းချင်လာအောင် ဖြားယောင်းနေပြန်ပြီ။
ဟင်း!အခုတော့စိတ်ထိန်းလိုက်ဦး လင်းညရေ!!
တစ်မှုအပေါ် နောက်ထပ်တစ်မှုမဆင့်စေချင်ရင်ပေါ့။ကိုယ့်ကိုယ်ပဲသတိပေးလျက် သက်ပြင်းလေးအသာချကာ ဆိုးရဲ့ခေါင်းလေးထံဖွဖွလေးလှမ်းပုတ်၍...
""ထမင်းသွားစားရအောင်နော်
ကလေးဘာစားချင်လဲ""""မစားဘူး""
""မစားလို့တော့ဘယ်ရမလဲကွာ
အဲ့လိုမဆိုးရဘူးလေ""""ထမင်းမစားချင်ဘူး
မုန့်စားမှာ..မုန့်စားမှာလို့...အဟင့်""""အေး! အေး! ဟုတ်ပါပြီကွာ
ကလေးစားချင်တာဝယ်ကျွေးမယ်နော်...ထပ်ပြီးမျက်ရည်တွေမကျပါနဲ့၊ခုနလည်းအများကြီးငိုထားတာလေ""""ဒါဆိုမုန့်ဝယ်ကျွေး၊ မုန့်စားချင်လို့ စိတ်တိုနေပြီနော်""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...