""ကိုကို ဟိုမှာ ဝိုင် ဝိုင်...ဆိုးလည်း ဝိုင်သောက်ချင်တယ် ယူပေး""
""မဖြစ်ဘူးလေ ကလေးရဲ့ ၊မသောက်ရဘူး""
""ဟင့်!ဘာလို့လဲ
သူများတွေအားလုံးသောက်နေတဲ့ဟာကို""""သူများတွေကအရွယ်ရောက်နေပြီ
ကလေးက ငယ်ငယ်လေးပဲရှိသေးတယ်၊မသောက်ဖူးဘဲနဲ့ သောက်ရင်အရမ်းမူးသွားလိမ့်မယ်...Juiceပဲသောက်နော်၊ ကိုယ့်ကလေးလေးကလိမ္မာတယ် ပြောစကားနားထောင်""ဒီနားရောက်တော့လည်းမကြားချင်တာပဲ ကြားရပြန်ပါသည်။လူကြားထဲလည်း တီတာချွဲနွဲ့နေတာများ မုန်းဖို့တောင်ကောင်းသည်။လင်းညကလည်း တော်တော်ကိုစိတ်ရှည်နိုင်လွန်းပါရဲ့။
အဟင်း!ဝိုင်သောက်ချင်တာလား? ဒါကပျော့ပါတယ်။
နှုတ်ခမ်းကိုမဲ့ကာပြုံးလိုက်ပြီး ခပ်လှမ်းလှမ်းသို့ပြန်လျှောက်လာခဲ့သည်။ထို့နောက် အနီးမှဖြတ်သွားသော Waiterလက်တွင်ကိုင်ထားသည့် ဗန်းထဲမှOrange Juiceတစ်ခွက်ကိုလှမ်းယူထားလိုက်၏။ခွက်ထဲရှိနေသည့် အအေးအနည်းငယ်ကိုကော်ဇောနီပေါ်သို့ မသိမသာလောင်းချလိုက်ပြီးကျန်ရှိသည့်အအေးအနည်းငယ်ထဲသို့ Alcohol Liquorအပြင်းစားကို ရောထည့်လိုက်သည်။လူအားလုံးက သူ့အာရုံနဲ့သူရှိနေ၍ ချစ်ကြိုးရဲ့လုပ်ရပ်ကိုဘယ်သူမှသတိမထားမိပေ။
သူက မူးကြည့်ချင်တာပဲမဟုတ်လား။မူးသွားအောင် ကူညီရမှာပေါ့။
အတွေးနှင့်အတူ ချစ်သည်းရှင်ရှိရာကိုလှမ်းကြည့်လိုက်တော့ စူပုပ်ပုပ်မျက်နှာဖြင့်ထိုင်နေလေရဲ့။လင်းညက အနားမှာစကားတွေတတွတ်တွတ်ချော့ပြောရင်းမှ အနားသို့လာနှုတ်ဆက်သည့် သူ့သူငယ်ချင်းထံစကားလှည့်ပြောနေ၏။ ဟုတ်ပြီ! ဒါကနှစ်ခါထပ်မရမယ့်အခွင့်အရေးပဲ။
""ညီမလေး မျက်နှာကစူပုပ်နေတာပဲ
ဘာတွေဖြစ်နေတာလဲ""""ဘာမှဖြစ်ပါဘူး
ကိုကိုပေါ့ လူကိုကလေးလိုပဲသတ်မှတ်နေတာ
ဟိုဟာမလုပ်ရဘူး၊ဒီဟာမလုပ်ရဘူးနဲ့""သူငယ်ချင်းကိုနှုတ်ဆက်နေရင်းမှ ဆိုးလေးအနားသို့ချစ်ကြိုးရောက်လာတာ လင်းညတွေ့ပါသည်။တစ်ချက်တော့လှမ်းကြည့်လိုက်သေးပေမယ့် အစ်မဖြစ်သူဆိုတော့လည်း စိတ်ချထားကာ စကားဆက်ပြောနေလိုက်မိ၏။
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...