ရောင်စုံအလှအပတို့ဖြင့် စည်ကားနေသော Sunshine Hotel၏ ညရှုခင်းက ခမ်းနားစွာသက်ဝင်နေသည်။ Sunshine company groupရဲ့နှစ်ပတ်လည် ညစာစားပွဲဖြစ်သလို Moonlight groupကပါ တွဲဖက်partnerအနေဖြင့်ပါဝင်၍ ပွဲတက်သူဧည့်သည်များအတွက် luckydrawနှင့်တခြားအစီအစဥ်အချို့ ပါဝင်ဖြည့်စွက်ထားသဖြင့် companyနှစ်ဖက်စလုံး၏သက်ဆိုင်ရာ ဧည့်သည်များက အတော်ပင်များပြားနေသည်။
ချစ်ကြိုးကတော့ ခန်းမထဲရှိ ရောင်စုံလူထုကို ခပ်ဝေးဝေးမှလှမ်းငေးရင်း ဝင်ပေါက်အနီး၌ မယောင်မလည်လေးရပ်နေမိသည်။ Red Carpetမှလျှောက်လာသူတိုင်း လှပခေတ်မီနေသည့် ဝတ်စုံဒီဇိုင်းအမျိုးမျိုးဖြင့် အလှချင်းပြိုင်နေကြ၏။ ပွဲက စ,နေပါပြီ။ရောက်သင့်တဲ့သူတွေလည်း အားလုံးနီးပါးရောက်ပြီ။ ထိုအထဲမှာ ချစ်ကြိုးတွေ့ချင်သူတစ်ယောက်ကတော့မပါသေးပေ။
""ချစ်ကြိုး ဘာလို့ဒီမှာရပ်နေတာလဲ
အထဲမှာနေလေ""
""ဟို! အထဲမှာ လူတွေများတော့ ခေါင်းနည်းနည်းမူးလာလို့ပါ""
""ဟုတ်လား အခုရော ဘယ်လိုနေလဲ
အဆင်ပြေရဲ့လား?သိပ်ဆိုးနေရင် အပေါ်ထပ်မှာခဏနားလိုက်ပါလား""
""ရပါတယ် ကိုနေလရဲ့
အဲ့လောက်မလိုဘူး...ဝင်မယ်လေ""
""အင်း
အဆင်မပြေရင် ကိုယ့်ကိုပြောနော်""
ခေါင်းလေးသာ ငြိမ့်ပြလိုက်မိ၏။ မျက်နှာဆီသေသေချာချာကို ငုံ့ကြည့်ကာဂရုတစိုက်ဖြစ်နေသူကြောင့် ချစ်ကြိုးစိတ်ထဲ နွေးထွေးသလိုတော့ရှိသား။ အခုဆိုသူနဲ့တွဲလာတာလည်း ၂လကျော်ခဲ့ပြီလေ။ဒီအချိန်အတွင်း ချစ်ကြိုးဘက်က အရမ်းအေးစက်ပြခဲ့မိတာတောင် သူကတော့ ဒီအတိုင်းအနားမှာရှိနေပေးတာ...ဂရုစိုက်ပေးခဲ့တာ။ ချစ်ကြိုး သူ့အပေါ် အရမ်းများ မတရားရာရောက်နေပြီလား? ဒီအနေအထားထက်ပိုပြီး ဆက်ရန်ရှိလာမှာမဟုတ်တဲ့ဇာတ်လမ်းကို အခုကတည်းကဖြတ်ပေးလိုက်မှပါ။ သူ့ကိုတွဲမယ်ပြောခဲ့တဲ့ အချိန်တုန်းက လင်းညကိုတကယ်ဆုံးရှုံးရပြီလို့ ချစ်ကြိုးစိတ်ထဲထင်ခဲ့တာကိုး။ အခုက...
""သြော! ဟိုမှာနောက်ကျနေတဲ့စုံတွဲရောက်လာပြီ""
သူကမ်းပေးသည့်လက်ကိုလှမ်းဆွဲ၍ ပွဲထဲပြန်ဝင်မည်အပြု၌ ဝင်ပေါက်ဘက်သို့ မေးတစ်ချက်ဆတ်ပြကာ ပြောသည်မို့ ချစ်ကြိုးလည်းတစ်ချက်ပြန်လှည့်ကြည့်မိ၏။ အရင်ဆုံးမြင်ကွင်းထဲဝင်လာသူကတော့ ငယ်စဥ်ဘဝကတည်းက စွဲလမ်းခဲ့ရတဲ့မင်းသားလေးကလွဲပြီး တခြားမရှိ။ ဘယ်အချိန်၊ဘယ်အခါ ဘယ်နေရာမှာတွေ့လိုက်ပါစေ...သူ့ကိုမြင်သည်နှင့် ချစ်ကြိုးရဲ့နံဘေးမှာ လှုပ်ရှားသက်ဝင်နေသည့်အရာအားလုံး ရပ်တန့်သွားသလိုပင်။ အနီရောင်အောက်ခံရှပ်အပေါ်ကနေ အနက်ရောင်suitကိုဝတ်ထားသည့် လင်းညက တကယ်ကိုတောက်ပခြင်းများစွာဖြင့်ချောမောကြည့်ကောင်းနေပြီး မျက်နှာပေါ်က ဒဏ်ရာကလည်း သိသာအောင်ရှိမနေတော့ပေ။
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...
