"ဒီနေ့ CEOက Hotelကိုမလာဖြစ်တော့ဘူးတဲ့""
ကြားလိုက်ရသည့်သတင်းစကားဟာ တကယ်ပင်ချိုသာလွန်းပါ၏။ တိုက်ဆိုင်မှုလား?မိုးရိပ်ကင်းရဲ့ကံကပဲ အကောင်းဘက်ရောက်ခဲ့လေသလားမပြောတတ်ပေမယ့် မနေ့ကM.Light ရုံးချုပ်ဘက်မှာအရှုပ်အထွေးတစ်ခုဖြစ်သွားခဲ့သည်။ ရုံးချုပ်ကဝန်ထမ်းတွေမဟုတ်ကြသည့်တိုင် လိုင်းပေါ်မှာပျံ့လာခဲ့သောသတင်းမို့ မိုးရိပ်တို့ဘက်ကလည်းဒီသတင်းကိုကြားမိပါသည်။ CEOရဲ့ချာတိတ်မက မလွယ်ကြောလေးမှန်း သူအစကတည်းကသတိထားမိပေမယ့် အခုတော့ပိုပြီးသိလိုက်ရသည်က အဲ့ဒီ့ချာတိတ် ထင်ရာစိုင်းပြီးရမ်းကားနေခြင်းဟာ CEOရဲ့အလိုလိုက်မှုကြောင့်ပင်။
အခုလည်းပဲကြည့်! သူ့ဇနီးဘက်ကလွန်သည့်ပြသာနာကို ကြားဝင်မတောင်းပန်၊မစေ့စပ်ပေးတဲ့အပြင် ပစ်ပစ်ခါခါလုပ်ခဲ့တော့ companyရဲ့နာမည်ပဲထိခိုက်ရသည်။ သတင်းတွေအရတော့CEOရဲ့ဇနီးကဝန်ထမ်းဖြစ်သူအပေါ်နိုင်ထက်စီးနင်းလုပ်ခဲ့သတဲ့!
ဒီကိစ္စကိုဖြေရှင်းပေးနေလို့ပဲထင်ပါတယ်၊CEO ဒီကိုမလာဖြစ်တော့ဘူးဆိုတော့ ကိုယ်နဲ့ငြိနေသည့်ကိစ္စဟာလည်းလတ်တလောတော့အဆင်ပြေသွားတယ်။ တော်သေးတာပေါ့၊ဒီနေ့ကချာတိတ်မရဲ့သင်တန်းပိတ်ရက်လည်းဖြစ်နေလို့...။
""GM
CEOကိုရှာတာအရေးကြီးကိစ္စရှိလို့လား""""ဟင်!သြော်...မဟုတ်ပါဘူး
CEOက hotelရဲ့၆လစာbudgetငွေစာရင်း Original fileကိုတောင်းထားလို့""""သြော်! ဒါဖြင့်ရုံးချုပ်ကိုပဲသွားပေးလိုက်လေ
မနက်ဖြန်ကစပြီး နှစ်သစ်ကူးပိတ်ရက်ဆိုတော့ ကြားမှာရက်အများကြီးကြာနေလိမ့်မယ်""""အင်း!ငါကြည့်လုပ်လိုက်မယ်""
ခပ်ပြုံးပြုံးပင်ပြောပြီးလှည့်ထွက်လာခဲ့၏။စိတ်ထဲမှာတော့ ပေါ့ပါးလန်းဆန်းခြင်းနဲ့ပြည့်စုံကာ လွတ်လွတ်လပ်လပ်ဖြစ်နေသည်။ ချာတိတ်မကိုတောင်ကျေးဇူးတင်ရပါမည်။ သူရှာတဲ့ပြသာနာကြောင့် CEOအာရုံပြောင်းသွားခဲ့တာမဟုတ်လား?
နောင်မှာထပ်ပြီးရှောင်လွှဲမရမှန်းသိပေမဲ့ အခုခဏဖြစ်ဖြစ်လွတ်မြောက်သွားလည်းအဆင်ပြေသည်။ ပြောရရင်သူကအရာရာကိုပေါ့ပေါ့တွေးကာ ပေါ့ပေါ့ပဲလုပ်တတ်သည့် လူစား။ လှည့်ဖျားမှုမှာကျင်လည်သလိုဉာဏ်နီဉာဏ်နက်လည်းမျိုးစုံရှိသည်။ အခုအချိန်မှာရသလိုနည်းနဲ့လှည့်ပတ်တိမ်းရှောင်၍ သာသလောက်နေပြီး အဆိုးရွားဆုံးအခြေအနေအထိဖြစ်လာခဲ့ပါလျှင်လည်း ဂရုမစိုက်စွာပင် အကြမ်းနည်းသုံးပစ်လိုက်နိုင်သည်။
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...