Part 1

33.7K 361 5
                                    

ဖြောင့်ဖြူးရှင်းလင်းနေသော Highwayလမ်းမကြီးထက် ပုံမှန်အရှိန်နှုန်းဖြင့်သာမောင်းနှင်လာသည့် အနက်ရောင်ကားလေးတစ်စီးရှိနေ၏။ အလင်းမှိန်မှိန်သာ ထွက်ပေါ်စပြုနေသည့်ကောင်းကင်ထက် ကြယ်ရောင်လေးတွေပင်မြင်နေရသေးသည်။မိုးလင်းခါစ ဆောင်းရာသီမနက်ခင်းလေးက အအေးဓာတ်လည်း ပိုကဲနေပြီး ဘေးပတ်ဝန်းကျင်ကလည်း မှုန်မှုန်ဝါးဝါးဖြင့်သာမို့ ကားကို ဂရုတစိုက်လေးမောင်းနှင်လာရ၏။

ကားပေါ်တွင်တော့ စကားတပြောပြောရှိနေသော ဇနီးမောင်နှံနဲ့နှစ်ဦးက ပြုံးလို့ရွှင်လို့ပင်။ ချစ်ဇနီးရဲ့ရင်ခွင်ထဲ အိပ်မောကျနေသည်က ချစ်ရတဲ့သမီးလေးပေါ့။အားလပ်ရက် မိသားစုအပျော်ခရီးထွက်လာခြင်းဖြစ်ပြီး ဆွေမျိုးတွေရှိရာမြို့ဆီအလည်အပတ်လာခဲ့ခြင်းဆိုလည်းမမှားပေ။

""သမီးက ပြန်အိပ်ပျော်သွားပြီ""

""အိပ်ပြီပေါ့...မနက်ကအစောကြီးထတယ်လေ""

""အဟင်း! ဟိုရောက်လို့အဖော်တွေတွေ့ရင် ဘယ်လောက်တောင်ဗြောင်းဆန်အောင်ဆော့မလဲမသိဘူး..အခုတော့အိပ်ပါစေ""

""အစ်ကို...ကားကိုသတိထားမောင်း""

ဇနီးက စိတ်ပူသလိုလေးကြည့်ကာပြောတော့ ဦးပြည့်စုံရှင် မျက်ခုံးတစ်ချက်ပင့်ပြကာ သဘောတကျရယ်နေသေးသည်။သဘောက သူကျွမ်းပါတယ်ဆိုတာမျိုး။ တဖြေးဖြေးနဲ့ highwayလမ်းဘက်မှ မြို့အဝင်ဘက်သို့ရောက်လာလေပြီ။ နေမြင့်မှခရီးသွားရတာပင်ပန်းတာမို့ မနက်စောစောကတည်းက ထလာခဲ့ခြင်းပါ။ နေရောင်မလင်းတလင်းလေးမြင်ရချိန်မှာ အချိန်ကိုက်တွေ့လိုက်သောစာသားလေးက 'မွန်ပြည်နယ်မှ ကြိုဆိုပါ၏´တဲ့!

""မေမေ့ကိုဝင်ခေါ်ပြီးရင် သက်တို့ ကျိုက်ထီးရိုးဘုရားဖူးမယ်နော်...""

""အေးဆေးပေါ့ သက်ရယ်...အိမ်မှာခဏနားပါဦး
ကိုယ့်အလုပ်တွေလက်စသတ်ခဲ့ပါတယ်...ဒီမှာ၁ပတ် ၁၀ရက်နေလို့ရတယ်""

""ဟုတ်ပါပြီတဲ့ရှင်""

စကားတွေပြောလာရင်း ကားလေးကလည်း မြို့ထဲဘက်ဝင်လာခဲ့သည်။လမ်းတစ်လျှောက် အိမ်တွေ၊ဆိုင်တန်းတွေ စည်းစည်းကားကားဖြင့် သက်ဝင်နေသည့် ဆောင်းမနက်ခင်းမှာ လမ်းသွားလမ်းလာနဲ့စျေးသည်တွေလည်းမပါမဖြစ်။ ဇနီးသည်ရဲ့ဇာတိမွေးရပ်ဖြစ်ပြီး သူ့မိခင်ကဒီမြို့မှာနေထိုင်ပေမယ့် အမြဲတမ်းတော့မပြန်ဖြစ်ခဲ့ပါ။ အိမ်ထောင်ကျပြီးတော့တစ်ခါ၊ နောက် သမီးလေးမွေးစကတစ်ခါသာပြန်ဖြစ်ပြီး ထိုနောက်ပိုင်းမှာတော့ ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ဖြစ်ကာ အခုသမီးလေး၅နှစ်ရောက်မှတစ်ခေါက်လာဖြစ်တော့သည်။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now