ပြောလိုက်သည့်စကားမှာ စိတ်ဆိုးစရာလည်းမပါဘဲ မျက်နှာတည်ဖြင့် လေသံမာကာ အော်လိုက်သည်မို့ ရှင်ရှင့်အသံလေး တိတ်ကျသွားရသည်။ ကိုကို့ပုံစံက စနောက်နေတာနဲ့လည်းမတူ။တကယ်ကြီး ဒေါသထွက်နေသည့်ပုံစံနှင့်...။ ညီမကို သဝန်တိုတယ်ဆိုရင်လည်း ကောင်းကောင်းပြောမှပေါ့...အော်စရာလား?
ပြီးတော့ ကိုကိုက တစ်ခါမှဒီလိုမျက်နှာထားမျိုးနဲ့မဆက်ဆံဖူးတာမို့ စိမ်းသက်သက်အခုပုံစံကြီးမှာ နေသားမကျတော့ဘဲ ဝမ်းနည်းသလိုတောင်ဖြစ်သွားရပါ၏။ဘာလို့မှန်းမသိ သူစိတ်ဆိုးတာကို ရှင်ရှင်ကဝမ်းနည်းရသည်တဲ့! အခုထိလည်း တစ်ချက်မှလှည့်ကြည့်မလာသည့်မျက်နှာက တည်ကောင်းတုန်း...။ဒါ သက်သက်မဲ့အာဏာလာပြတာ...။နေရင်းထိုင်ရင်းအပြစ်ရှာတာ....ဟွန့်!!
""နွဲ့ဆိုး...ဘယ်လဲ အဲ့ဒါက?""
ငြိမ်သက်နေရာမှ ချက်ချင်းပင် ကားတံခါးဖွင့်ကာ ဆင်းသွားလေတဲ့ ကလေးကြောင့် သူ့မှာ နောက်ကတကောက်ကောက်လိုက်ရပြန်သည်။ ချာတိတ်မကတော့ လုံးဝလှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လျှောက်နေပေမယ့် ခြေတံတိုတိုလေးက ဝေးဝေးတော့ရောက်နိုင်ပါ့မလားလေ။ ပြီးတော့ မကြာသေးခင်ကမှ ထိခိုက်မိထားသည့် ခြေထောက်ဒဏ်ရာလေး နာသွားမှာစိုးရိမ်၍ သူ့မှာ ပျာပျာသလဲဖြင့် သူမအရှေ့က ကျော်ကာပိတ်ရပ်လိုက်ရင်းမှ...
""ဆိုး..ဘာလို့ကားပေါ်ကဆင်းတာလဲကွာ""
""ဆင်းတယ်...အာဏာလာပြနေတဲ့သူအနားမနေချင်လို့ ဘာဖြစ်လဲ""
ငိုမဲ့မဲ့ဖြင့် ပြန်အော်ပြောလာသံလေးက စွာစူးနေပေမယ့် မျက်ဝန်းမှာတော့ မျက်ရည်ကြည်လေးတွေတောင် ရစ်ဝိုင်းနေလေပြီမို့ ဒီကိစ္စရှင်းရခက်တော့မည်မှန်း သူသိလိုက်ပါ၏။ ဒေါသဖြစ်နေရတာ ကိုယ် ဆိုပေမယ့်လည်း မီးမွှေးပေးသူလေးက တစ်ဖန်ပြန်စိတ်ကောက်နေလေတော့ ကိုယ်သာ ချော့ရတော့မည့် ဖြစ်ခြင်းပါပင်။
""မဟုတ်တာ ကလေးရယ်
ကိုကိုက အဲ့ဒီ့စကားကိုမကြိုက်လို့...ဆိုးကိုမပြောစေချင်ရုံပါ...""""ဒါလေးပြောတာ ဘာမှားလို့လဲ
ကိုကိုက ဆိုးကိုတစ်သက်လုံးအပျိုကြီးဖြစ်စေချင်နေတာလား...အဟင့်! ဟင့်""
ŞİMDİ OKUDUĞUN
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romantizm''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...