Part 59

3.9K 82 5
                                    

""ဆိုးရေ...ကလေး!!""

ခြံထဲ၌ကားရပ်ပြီးသည်နှင့် ကိုယ့်ကလေးငယ်အား အော်ခေါ်လျက် အိမ်ထဲဘက်ဆက်လျှောက်လာခဲ့၏။ခါတိုင်းဆို ကိုယ့်အသံကြားသည်နှင့် အသံသေးသေးလေးက ချက်ချင်းတုံ့ပြန်ပေမယ့် အခုတော့ဖြင့် တိတ်ဆိတ်လွန်းလှပါလား။ ခဏလေးကြာမယ်ပြောပြီး နေ့တစ်ဝက်လောက်ကြာနေခဲ့တာမို့ ဒီကလေးစိတ်ကောက်နေပြန်ပြီထင်ရဲ့။ဒါမှမဟုတ် အိပ်ပျော်နေတာများလား။

ခြေလှမ်းတို့ကိုရွေ့လျားရင်း စိတ်ထဲအတွေးမျိုးစုံတွေးကာ လက်ထဲကမုန့်ထုပ်လေးကိုလည်း ငုံ့ကြည့်မိသေး၏။ ဘာအစားမှကောင်းကောင်းမစားသေးသော ကလေးအတွက်စားနိုင်လောက်မည့် မုန့်လေးကိုသာ အသေအချာစဥ်းစားရတာမို့ အလုပ်ထက် မုန့်ဝယ်ချိန်ကပိုကြာနေခဲ့ခြင်းပင်။အခုတော့ အသံမပေးဘာမပေးနဲ့ ဒီကလေးလေး ဘယ်များရောက်နေပါလိမ့်!

""ရွှေရည်""

""ရှင်...အစ်ကိုလေး""

""ဒီမုန့်လေးတွေ ပန်းကန်ထဲထည့်ပြီး ပြင်ဆင်လိုက်...ကလေးကိုနည်းနည်းကျွေးကြည့်မလို့""

""ဟုတ်""

""ဒါနဲ့ အိမ်မှာတိတ်လှချည်လား
ဆိုးလေးဘာလုပ်နေလဲ
အိပ်ပျော်နေတာလား""

""မဟုတ်ဘူး အစ်ကိုလေး
မမလေးက မမချစ်ကြိုးနဲ့အပြင်လိုက်သွားပါတယ်""

""ဘာ!!""

အလိုမကျမှုအပြည့်နှင့်ပြောလိုက်သည့်အသံဟာ အတော်ပင်ကျယ်သည်။ကိုယ်နဲ့မှမဟုတ်ရင် တခြားဘယ်သူနဲ့မှစိတ်မချသည်မို့ အပြင်မသွားဖို့သေချာမှာခဲ့တာတောင် ဒီကလေးက ရအောင်ထွက်သွားပြန်တာပဲ...ကျစ်!!

""အစ်ကိုလေး ဘာဖြစ်လို့လဲဟင်""

""ဘယ်တုန်းကသွားတာလဲ ကြာပြီလား""

""၁နာရီကျော်ကျော်လောက်တော့ရှိပါပြီ""

""အစကတည်းကငါ့ဆီဘာလို့ဖုန်းမဆက်တာလဲ
သေချာစောင့်ကြည့်နေဖို့မှာထားလျက်နဲ့""

""ဟို! မမချစ်ကြိုးနဲ့ဆိုတော့ပြသာနာမရှိလောက်ဘူးထင်မိလို့ပါ၊တောင်းပန်ပါတယ်""

""ကျစ်!""

သူ စိတ်မရှည်စွာပဲစုတ်သပ်မိကာ လက်ကလည်းဖုန်းကိုချက်ချင်းထုတ်ပြီး နံပါတ်တွေကိုနှိပ်သည်။ခေါ်ဆိုခြင်းတွေဆက်တိုက်ဝင်နေပေမယ့် တစ်ဖက်ကဖြေကြားမှုမရှိ။ ချစ်ကြိုးရဲ့ဖုန်းကပဲလားဆိုတော့လည်း မဟုတ်ပါ။ကိုယ့်ကလေးငယ်ရဲ့ဖုန်းကပါ မကိုင်လေ၍ ရင်ထဲစိုးတထိတ်ထိတ်ဖြစ်လာရပြန်သည်။ ဆိုးလေးက အချိန်တော်တော်များများမှာ ဖုန်းကိုလက်ထဲကပင်ချသူမဟုတ်။ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊လိုင်းသုံးတာပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုလုပ်နေတတ်တာ။ အခုကျဖုန်းဝင်နေလျက်နဲ့မကိုင်ဘူးဆိုလျှင် တစ်ခုတည်းသောဖြစ်နိုင်ခြေက ဒီကလေး ဖုန်းနဲ့ဝေးရာကိုရောက်နေတာ။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now