""ကိုကို!""
""ဗျာ!""
""အဆိုးဗိုက်ဆာလာပြီ""
""အဟွန်း! ဆာမှာပေါ့၊ မနက်က breakfastကိုသေချာမှမစားထားတာ...အပြင်ထွက်လည်ဖို့ပဲလောနေတာကိုး""
""နည်းနည်းပဲဆာတာပါ
ဟိုနားလေးထိသွားကြည့်ပြီးမှ ထမင်းစားတော့မယ်""""မရဘူးလေကွာ
အကြာကြီးအဆာခံရင်ဗိုက်အောင့်လိမ့်မယ်
လာ...ထမင်းအရင်ကျွေးမယ်၊ပြီးမှ ကစားတော့""ခေါင်းလေးကိုဖွဖွပုတ်၍ချော့ပြောကာ ကြင်ကြင်နာနာပြုံးပြနေသည့် ထိုအပြုံးကြောင့် ရှင်ရှင့်နှလုံးသားထဲနွေးခနဲ။လူကလည်း သူ့ရင်ခွင်ထဲအရောက်တိုးဝင်မီနွဲ့ကာ လက်လေးတွေကလည်းသူ့ကျောပြင်ဆီ သိုင်းဖက်တွယ်ချိတ်ထားရင်းမှ ခပ်လှမ်းလှမ်းတစ်နေရာဆီအကြည့်ရောက်မိခိုက်...
""ကိုကို! ဟိုမှာ စတုဒီသာ မဏ္ဏပ်ရှိတယ်၊သင်္ကြန်ထမင်းတဲ့ သွားစားရအောင်""
ဝမ်းသာအားရလေသံလေးဖြင့် ခုန်ပေါက်ကာ ပူဆာပြန်သည့်နွဲ့ဆိုးကြောင့် လင်းညတစ်ယောက်အတွေးခက်ရပါပြီ။ ရေကစားပြီးခဏနားသည့်အချိန်ကို ကားပေါ်မလိုက်ဘဲ သင်္ကြန်ထမင်းက သွားစားဦးမတဲ့။ ပြီးတော့ နေ့လည်ခင်းနားချိန်မို့ သူမ,ပြသည့်နေရာမှာ လူတွေက ရေစိုဝတ်ကိုယ်စီနှင့် ကျပ်ကျပ်သိပ်သိပ်တိုးဝှေ့ရင်း စတုဒီသာစားနေကြတာလေ...ဒါကို ဒီကလေးကဝင်တိုးမယ်လို့ဆိုလိုတာလား? မဖြစ်ပါ။ ကိုယ်တစ်ယောက်လုံးရှိနေတာပဲဆိုပေမယ့် အဲ့လိုလူအုပ်ထဲကိုဖြင့် ဝင်မတိုးစေချင်တာအမှန်။ ဒါဟာတစ်သက်နဲ့တစ်ကိုယ်တစ်ခါမှလည်း မလုပ်ဖူးတဲ့အရာပင်။
ဟင်း! နွဲ့ဆိုးရယ်...မင်းကတော့ ရှာရှာကြံကြံလုပ်ပြီကွာ။
""နော်လို့ ကိုကို""
""ကလေးရယ် အဲ့မှာလူတွေတအားကျပ်နေတယ်လေ၊ ပြီးတော့ဒီမှာရေတွေလည်းစိုနေတာ..အကြာကြီးနေရင် ကိုယ့်ကလေးဖျားသွားလိမ့်မယ်၊ကားထဲမှာအဝတ်အစားအရင်လဲလိုက်...နော်""
""အာ! မရဘူး မရဘူး
စားမယ်ဆို စားမယ်ပဲ...ကိုကိုနော်!အဆိုး အော်ငိုလိုက်မှာ""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...