"ကဲ! ပြောစမ်းပါဦး
ဘာတွေညစ်နေတာလဲ?""
ဆူညံနေသည့်musicသံတွေကြားမှ ရှင်းလင်းစွာကြားလိုက်ရသည့်အမေး...။ထိုမေးခွန်းကြောင့်ပင် မနက်ကအခြေအနေကိုပြန်သတိရကာ သက်ပြင်းကြီးချမိရ၏။
""မိုးရိပ်ရယ်...မင်းရဲ့သက်ပြင်းကြောင့်ငါတို့လည်းလွင့်ထွက်တော့မယ်၊ဘယ်လိုဖြစ်တာလဲကွ...အမြဲတမ်း fineနေ၊litနေတဲ့ ငစားက ဘာအကွက်တွေရွှေ့မရလို့ဒီလောက်ညစ်နေတာလဲ""
""ရွှေ့မရတော့ဘူး၊ကျပ်ပြီ
ရှေ့လျှောက်လည်းပိုကျပ်ဖို့ပဲရှိတော့တယ်""
""ဘယ်လိုဖြစ်တာလဲ""
""ကျစ်!အာရုံပါကွာ
အရင်ဆိုCEOက Hotelဘက်လုံးဝမလာဘူး၊ကိစ္စအတော်များများ ငါ့လက်အောက်ကပဲကြည့်ရှင်းသွားတာ...အခုကကွာ...ဟိုတယ်မှာ သူ့ချာတိတ်အတွက်သင်တန်းလုပ်ထားတယ်၊အဲ့ကိစ္စကြောင့် ဒီကိုလာရင်း စစ်မယ်၊ဆေးမယ်တွေလုပ်တာပဲ""
""ဟေ! ဒါဆို မင်းshockရှိနိုင်လား""
""သေချာပေါက်ရှိတာပေါ့ကွ
ပြီးတော့ သူ့မိန်းမဆိုတဲ့ဟာလေးက မလွယ်ဘူး၊ငါ့ကိုကြည့်တဲ့ပုံစံကတစ်မျိုးပဲ""
""ဒါဆိုမင်းဘယ်လိုရှင်းမှာလဲ""
""မသိသေးဘူး၊ နည်းလမ်းရှာရမှာပေါ့""
စိတ်ကညစ်ညူးနေသလောက် နှုတ်ခမ်းဖျားကဖြင့် ခပ်ပေါ့ပေါ့သာပြောထွက်သည်။ စင်စစ်'မိုးရိပ်ကင်း´ဆိုသူက အဲ့သလိုလူစားပင်။ ငယ်ကတည်းကမိဘမဲ့ဖြစ်ကာ ကိုယ့်ဘဝကိုယ်ကြိုးစားရပ်တည်ခဲ့ပြီး အနည်းငယ်စည်းလွတ်ဝါးလွတ်စရိုက်ကိုပိုင်ဆိုင်၏။ လောင်းကစားကိုခုံမင်တတ်သူဖြစ်ပြီး လောဘကြီးသည်။ငွေမက်သည်။ချမ်းသာချင်သည်။ အများသူငါကြားထဲ ကိုယ်သာလျှင် ထင်ပေါ်ကျော်ကြားချင်၏။ ကိုယ့်မှာရှိသလောက်ပမာဏထက် ပို၍အထက်စီးဆန်ပြချင်စိတ်ရှိကာ ပိုင်ဆိုင်ရသမျှကိုလည်း ဘယ်သောအခါမှ ပြည့်စုံလုံလောက်တယ်မထင်ခဲ့ပေ။ ကံကောင်းထောက်မစွာပင် ပညာလေးတော်ခဲ့၍ Moonlightလို Hotelကြီးတစ်ခုမှာအလုပ်ရခဲ့ပြီး လက်ဖျားငွေသီးသုံးနိုင်စွဲနိုင်သူဖြစ်လာခဲ့ပါသည်။
ဒီနေရာမှာလည်း ရသမျှထက်ပိုလိုချင်ပြီး အခွင့်အရေးယူတတ်၊လက်လွယ်တတ်သူမို့ သူ့လက်အောက်မှာ တရားမဝင်ငွေစာရင်းတွေမှအများကြီး။ မသိရင် ကျိကျိတက်ချမ်းသာသည့် သူဌေးတစ်ယောက်လို သုံးစွဲနိုင်သည့်ငွေတွေကို ဒီလိုနည်းနဲ့ရခဲ့သည်။
STAI LEGGENDO
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Storie d'amore''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...
