""ဒုန်း! ဒုန်း!""
ပန်းကနုတ်များဖြင့်အလှဖော်ထားသော သံတံခါးနက်နက်ကြီးအား အရှိန်ဖြင့်ဆောင့်တွန်းလိုက်သည်မို့ ဆိတ်ငြိမ်ရပ်ဝန်း၌ ဒုန်းခနဲအသံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ထို့နောက်တွင်တော့အိမ်ထဲမှ လူတစ်ယောက်ထွက်လာကာ သူ့မျက်နှာအားတစ်ချက်ကြည့်လိုက်ပြီး...
""ထပ်ပြီး မင်းပဲလား
ဦးတို့လည်းတတ်နိုင်သလောက်ပြောပြပြီးပြီလေကွာ""""ပန်းနုသီနဲ့တွေ့ချင်တယ် ခဏခေါ်ပေးပါ""
""ဘာပြောဦးမလို့လဲ ကိုလင်းည
ရှင်ကျမတို့အိမ်တွေကို ဒီလိုလာလာပြီးသောင်းကျန်းနေတာ တစ်ခါ၊နှစ်ခါလည်းမကတော့ဘူးနော်...ကျမတို့မှာပတ်ဝန်းကျင်ရှိတယ်၊အသိုင်းအဝိုင်းရှိတယ်၊ရှင်ဒီလိုယဥ်ကျေးမှုမရှိဘဲထင်သလိုလုပ်နေတာတော်ရုံပဲကောင်းပါတယ်...ရှင်လည်းလူကြီးလူကောင်းတစ်ယောက်ပဲ၊ဒါကိုနားလည်မယ်လို့ ကျမထင်တယ်""""နွဲ့ဆိုးဘယ်နေရာမှာရှိနေမှန်း မင်းသိတယ်မဟုတ်လား""
""ခဏခဏပြောခဲ့ပြီးပြီလေ
ရှင်ရှင်ဘယ်မှာရှိမှန်း ကျမမသိဘူး၊သိရင်လည်း ရှင့်ကိုမပြောဘူး""""ဟုတ်တယ်၊အဲ့စကား...အဲ့ဒီ့စကားကပဲ မင်းသိနေတယ်လို့ငါ့ကိုပြောနေတာ""
""ကျစ်!ရှင်ထင်ချင်သလိုထင်
အနားမှာရှိတုန်းကတော့ ခဏခဏငိုရအောင်လုပ်ခဲ့ပြီး အခုမှအသည်းအသန်ဖြစ်နေလည်းအပိုပဲ""""....""
""ရှင်ရှင့်မျက်နှာကြောင့်သာ ကျမဒီလောက်အထိသည်းခံပေးနေတာ...ရှင်ပြန်ပါတော့""
အသံစာစာဖြင့်အော်ပြောကာ တံခါးကိုလည်းဂျိမ်းခနဲပြန်ပိတ်သွား၏။ထို့နောက်အိမ်တစ်ခုလုံးကမီးရောင်တွေလည်း မှိန်ကျသွားခဲ့ပြီး ပတ်ဝန်းကျင်ဟာလည်း ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။အခေါက်တိုင်းဒီစကားပါပဲ၊အမြဲကြားနေကျစကားတွေပြောပြီးသာ အခါခါနှင်လွှတ်တယ်။ဒါပေမဲ့ ဒီကလေးမတွေတစ်ခုခုကိုဖုံးကွယ်နေတယ်ဆိုတာလည်း သူသိပါတယ်။ဆေးရုံလိုနေရာမျိုးကနေ ဆိုးလေးရုတ်တရက်ပျောက်သွားနိုင်ခဲ့တာ ကူညီပေးမယ့်သူရှိလို့ပဲမဟုတ်လား။
VOCÊ ESTÁ LENDO
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...