""ကလေး! ကိုကိုရှင်းပြမယ်
ဒါမတော်တဆဖြစ်တာနော်...ကိုကိုက...""""အဟင့်!""
အနားသို့ပြေးသွားကာ ပျာပျာသလဲချော့လေမှ မျက်ရည်တွေကျလာ၍ သူ့မှာဘာကဘယ်လိုစပြောရမှန်းပင်မသိ။နှလုံးသွေးတွေဆောင့်တိုးလာရပြီး သူမကိုယ်လေးကို ရင်ခွင်ထဲထွေးဖက်ထားလိုက်တော့ လူးလွန့်ကာရုန်း၏။
""ဆိုးလေး...မငိုပါနဲ့ ကလေးရယ်
ကိုကို မင်းနောက်ကွယ်မှာဘာတစ်ခုမှမဟုတ်တာမလုပ်ဘူး၊အခုက တကယ်မတော်တဆဖြစ်သွားတာ""""ဘာကိုမတော်တဆလဲ...ကိုကိုအဲ့ဒီမိန်းမနဲ့ဖက်တောင်ဖက်မိတော့မလိုပူးကပ်နေတာ မတော်တဆလား""
""ခွမ်း!!""
အသံစူးစူးလေးဖြင့်အော်ဟစ်၍ လက်ထဲကိုင်လာသည့်ထမင်းဗူးအိတ်ကိုလည်း လွှင့်ပစ်လိုက်တာမို့ အသံတွေညံသွားရကာ အခြေအနေကတော့ရှင်းရခက်မည့်ဘက်သို့ ဦးတည်လေပြီ။
""မဟုတ်ဘူး ကလေးရယ်
မင်းအထင်လွဲနေပြီကွာ...
ကိုကို့ကိုကြည့်ပါဦး""နှုတ်ကတတွတ်တွတ်ပြောရင်း ရှင်ရှင့်မျက်နှာလေးအား သူ့လက်ဖဝါးနှစ်ဖက်ဖြင့် ပင့်ကိုင်ကာ မော့ကြည့်စေ၏။ စိုးရိမ်မှုတို့ရိုက်ခတ်နေသည့်အသံလှိုင်းက အဖျားခတ်တုန်ယင်နေသယောင်ရှိတာ ရှင်ရှင်သတိထားမိသည်။ သို့နှင့် သူ့မျက်နှာဆီပြန်မော့ကြည့်တော့ စိုးရိမ်တကြီးငုံ့ကြည့်နေသောမျက်ဝန်းများကအထင်းသား။
""အဟင်း! Darling ရှင့်ဘေဘီကအရမ်းsensitiveဖြစ်တာပဲနော်...အသည်းငယ်လိုက်တာ""
""တောက်! မင်းဘာမှဝင်မပြောတာကောင်းလိမ့်မယ် scarlet...အခုချက်ချင်းငါ့အခန်းကနေသွားလိုက်တော့""
ကိုကိုကဒေါသတကြီးလှည့်အော်လိုက်စဥ် ဟိုမိန်းကလေးက ခပ်မဲ့မဲ့ပြုံးကာပုခုံးတစ်ချက်တွန့်ပြ၏။ထိုမိန်းမကို ရှင်ရှင်သိပါသည်။ ပါတီပွဲမှာတုန်းကလည်း ကိုကို့အနားလာကပ်နေတာ သူပဲမဟုတ်လား?အခုလည်းကိုကို့ဆီရောက်နေပြန်ပြီ။ ဝတ်ထားသည်ကလည်း လျှပ်ပေါ်လော်လီသော sexyဆန်ဆန်ဒီဇိုင်းတွေနှင့်...ဆံပင်တွေကအစရဲရဲနီကာ မျက်နှာကလည်း မင်းသမီးရှုံးလောက်အောင်ပင် ခြယ်သထား၏။
![](https://img.wattpad.com/cover/338093712-288-k47131.jpg)
BẠN ĐANG ĐỌC
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Lãng mạn''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...