""အဟင့်...ဟင့်..ဟီး!!
ယောကျ်ားမယူဘူး...အိမ်ထောင်ကြီးမပြုချင်ဘူး..အီး! ဟီး!""""ဟဲ့...တိတ်စမ်း
အခုပါးစပ်ပိတ်...နင်ကဘာတွေများကောင်းလို့အော်ငိုနေရတာလဲ...ဟမ်!!""""တော်ပါတော့ မိန်းမရယ်
ကလေးကို ဆူမနေပါနဲ့။တစ်ဖက် ကောင်လေးကလည်းကိုယ်တို့နဲ့သူစိမ်းတွေမှမဟုတ်တာကို""""ဘာပဲဖြစ်ဖြစ်လေ...သူက ယောကျ်ားလေးရဲ့အခန်းထဲကို ကျူးကျော်ဝင်ရောက်နေတာ...ရှင့်သမီးလုပ်ပုံကောင်းသေးရဲ့လား...ခင်တို့ကိုတောင်မျက်နှာမပြရဲတော့ဘူး""
""သမီးက စာပဲသွားမေးတာကို""
""မှန်မှန်ပြောစမ်း...နင်သူနဲ့တွဲသွားတွဲလာလုပ်ရင်း ဘယ်အချိန်ကတည်းက ကြိုက်နေကြတာလဲ""
""ဟာ...မကြိုက်ပါဘူးဆို
အခုလည်းဘာမှမဖြစ်ဘူး ဒီအတိုင်းပဲအိပ်ပျော်တာ""မပြီးပြတ်သေးတဲ့ ပြသာနာတွေက အိမ်ထဲမှာ တငွေ့ငွေ့လောင်မြိုက်ကာ ဆူညံနေလေ၏။ထိုအသံတွေ ကြားနေရပေမယ့် ကိုယ်တိုင်တောင် အားမရှိသလိုမို့ ကြိုး ဝင်ကိုမပါတော့ဘဲ ခပ်လှမ်းလှမ်းကနေသာငေးကြည့်နေလိုက်သည်။ သူတို့ဘယ်လိုပဲ ဆူနေ၊ပြောနေကြပါစေ...နောက်ဆုံးတော့လည်း အစစအရာရာလိုလေသေးမရှိတဲ့ မင်္ဂလာပွဲကြီးကျင်းပပေးဦးမှာပါ။ ဒါကို ကြိုးကမသိလို့လား? ဝင်ပါစရာရော လိုပါရဲ့လား။ ဒီအတိုင်းဘေးလူသက်သက်ဖြစ်ရုံပေါ့။
""မမ""
""အမ်!
အင်း ပြောလေ...ညီမလေး""အတွေးတွေလွန်သွားစဥ် ထိုင်နေရာမှဆတ်ခနဲထကာ လက်လေးနှစ်ဖက်ကမ်းလျက် ကြိုးဆီပြေးလာသည့် ရှင်ရှင်...။အနားရောက်တော့ လူကိုအတင်းဖက်ထားကာ ရင်ခွင်ထဲခေါင်းလေးတိုးဝင်လျက် တရှုံ့ရှုံ့ငိုနေပြန်၏။ ဒီတော့လည်း ကြိုး အလိုက်သင့်လေးပြန်ဖက်ထားပေးကာ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်မိသည်။ တစ်သက်လုံးချစ်လာရတဲ့ကလေးပါပဲ...သူ့အပေါ်မလိုလားမှုတွေ ကြိုးရင်ထဲရှိသည်မှန်သော်လည်း ပစ်ပစ်ခါခါတော့မဆက်ဆံရက်ပေ။ချစ်တာလည်းတစ်သက် ၊ မုန်းတာကလည်း တစ်ဝက်...တကယ်တော့ ကြိုးရဲ့အဖြစ်ကလည်း လွယ်ကူမနေပါဘူးလေ။
VOCÊ ESTÁ LENDO
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...