~~ ( 13 )years later ~~
""ဟဲ့ ဟဲ့! ဘယ်လိုဖြစ်တာလဲ
Lineကလည်းစုတ်လိုက်တာ...ဒီလိုနဲ့ငါရှုံးတော့မှာပဲ...ရားးး!""ခရမ်းနုရောင် မွေ့ယာကျယ်ကြီးထက် လူးကာလိမ့်ကာဖြင့် gameတိုက်ပွဲဆင်နွှဲနေရင်း တစ်ချက်တစ်ချက် ထအော်မိ၍ တစ်ယောက်တည်းနဲ့ကိုဆူညံနေသည့်အဖြစ်။ညတောင်နက်နေပြီ...လိုင်းကကျကောင်းတုန်း! စိတ်တိုတိုင်းထထအော်နေရင် မေမေတို့တောင် နိုးကုန်တော့မှာပဲ...စိတ်ထိန်းထားရှင်ရှင်ရေ...ထိန်းထား!
ကိုယ့်စိတ်ကိုဖြေသိမ့်တွေးကာ ပြန်ငြိမ်သက်လိုက်ပြီး ခဏကြာတော့ လိုင်းအခြေအနေလေးပြန်ဟန်လာတာမို့...
""Victory!!""
""Arr! Yes ဒါပဲလေ
အဲ့လိုလုပ်စမ်းပါ lineရယ်
ငါ မဆဲချင်ဘူးနော်""""ဒေါက် ဒေါက်!""
ဂုဏ်ယူစွာအောင်ပွဲခံနေတုန်း တံခါးခေါက်သံကြီးကြားလိုက်ရသည်။သိလိုက်ပါပြီ...အိမ်ကတစ်ယောက်ယောက်တော့ဆူဖို့ရောက်လာပြန်ပြီလေ...။ဟင်း! မပျော်တော့ပါဘူး...။
""ဘယ်သူလဲ...ရှင်ရှင် လက်မအားသေးဘူး""
""မမပါ...ညီမလေး ဂိမ်းဆော့နေပြန်ပြီလား
ညနက်နေပြီ အိပ်တော့လေ""""မမတောင်အိပ်သေးလို့လား?""
""အမလေး! မမက တရေးတောင်နိုးလာပြီ
အချိန်ကိုလည်းကြည့်ဦး...၂နာရီတောင်ကျော်နေပြီ။အော်သံကြီးကလည်းကျယ်နေရော""ဒီတစ်ခါတော့အခြေအနေမဟန်တော့တာမို့ အိပ်ယာပေါ်မှလှိမ့်ဆင်းကာ တံခါးဆီပြေးကပ်၍ မပွင့်တစ်ပွင့် ကြားလေးမှ မျက်နှာထုတ်လျက် အစွမ်းကုန် သွားဖြီးပြမိသည်။ ရှင်ရှင့်ရဲ့ မျက်နှာချိုသွေးခြင်းအနုပညာကို ဘယ်သူမှမခံနိုင်ဘူးလေ။ ချစ်ဖို့ကောင်းအောင်ပြုံးပြတာနဲ့ မာနေတဲ့အသည်းတွေအကုန်ပျော့...။သနားစရာမျက်နှာငယ်လေးလုပ်ပြရင်လည်း တင်းနေတဲ့မျက်နှာကြောတွေအကုန်လျော့...။ဒီလိုလေးနဲ့ ပါးနပ်စွာ ရှင်သန်လာခဲ့ရတာ အခုထိပဲဆိုပါတော့...။
""အဟီး!..ရှင်ရှင့်အော်သံကြောင့်နိုးတောင်သွားမယ်လို့မထင်ဘူးတော့...။sorry! sorryမမ...မအော်တော့ဘူးနော်...ပြန်အိပ်""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...