Part 32

5.9K 107 0
                                    

လူက companyရောက်လာသည့်တိုင် စိတ်က နွဲ့ဆိုးကိုပဲသတိရနေပြီး စကားသံချိုလေးတွေပြန်ကြားယောင်မိတော့ နှုတ်ခမ်းပါးတွေက အလိုလိုကွေးညွတ်၏။ ဘယ်သွားသွား၊ဘာလုပ်လုပ် ဒီအဆိုးမလေးပဲစိတ်ထဲရောက်ရောက်နေတာမို့ နေရင်းထိုင်ရင်းပြုံးနေမိပုံက အရူးကြီးနဲ့တောင်တူနေပြီထင်ရဲ့။

""အဟက်!""

တွေးရင်းမှပင် ဟက်ခနဲရယ်မိရင်း ဖုန်းကိုထုတ်ကာ ပေါက်စလေးရဲ့နံပါတ်အား ခေါ်လိုက်ပြန်သည်။သူအိမ်ကထွက်လာတဲ့အထိ အိပ်ပြီးကျန်နေခဲ့တာမို့ အခုရောနိုးနေပြီလားသိရအောင် လှမ်းဆက်လိုက်ခြင်းပင်။ ဖုန်းကအတော်ကြာဝင်နေသည်အထိ ဖြေသံမကြားရဘဲ နောက်တစ်ကြိမ်ခေါ်ဆိုခြင်းမှာမှ...

""အင်း! Hello""

""ဆိုးလေး...ကိုကိုပါ""

""အာ!သိတယ်လေ ဘာပြောမို့လဲ""

အိပ်ချင်မူးတူးလေးဖြင့် စိတ်မရှည်လိုဆူဆောင့်ပြောသည့်အသံအနေအထားအရ အခုထိအိပ်ရာမထသေးပုံပါဘဲ။ အချိန်ကိုကြည့်တော့ နေ့လည်(၁၁)နာရီခွဲ။ ကြည့်စမ်း! ဒီကလေးအကြာကြီးဆက်အိပ်နေတာပဲ။

""ကလေး! အိပ်နေတုန်းလား
ထတော့လေကွာ""

""ထဘူး၊ခေါင်းကိုက်လို့ပါဆို""

""ဒါပေမဲ့ အကြာကြီးအိပ်နေရင် ပိုပြီးခေါင်းမကြည်ဘဲနေလိမ့်မယ် ကလေးရဲ့ ၊လိမ္မာတယ် ထတော့နော်...အခုနေ့လည်တောင်ရောက်နေပြီလေ""

""ဟုတ်! ဆိုး ဒီနေ့,နေ့လည်စာလာမပို့တော့ဘူးနော်။ကိုကို့ဘာသာ အဆင်ပြေသလိုစားလိုက်တော့၊နောက်ပြီး...""

""နောက်ပြီးဘာဖြစ်လဲ
ဆက်ပြောလေ""

""စောစောပြန်လာ""

""အဟင်း!ဟုတ်ကဲ့ပါဗျာ""

အမှာစကားလေးကိုကြားရစဥ် ရင်ဝယ်ကြည်နူးမှုက တသိမ့်သိမ့်။ အခုတော့ သူ့ကမ္ဘာကြီးကလှပပြည့်စုံသွားခဲ့ပြီ။လက်ထပ်ပြီးတာ ၂လကျော်လာခဲ့ပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးက အခုမှပူပူနွေးနွေးစတင်ခဲ့တာလေ။ ပြောင်းလဲသွားမယ်မထင်လိုက်တဲ့အချိန်မှာ ရုတ်တရက်ဆန်လွန်းတဲ့အပြောင်းအလဲက တကယ်ကိုအိပ်မက်မက်လိုက်သလိုပါပဲ။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now