Part 47

6.9K 94 0
                                        

"အင်း! အဲ့ဒီ့ကိစ္စဘယ်လိုဖြစ်သွားပြီလဲ?""

""သူကaccကိုလုံးဝဖျက်ပစ်သွားပါပြီ""

""ဒါဆို CCTVကရော၊ cameraအနေအထားအရ အဲ့ဒီ့လူကကျိန်းသေ ဆိုင်ရဲ့အပေါ်ထပ်မှာရှိနေခဲ့တာပဲ...ဆိုင်ကCCTV recordကို ယူလာခဲ့""

""အဲ့ဒါကလည်းအခက်အခဲနည်းနည်းရှိပါတယ် CEO...သူတို့ဘက်က customerရဲ့privacyကိုအလေးထားတာမို့ cameraမှတ်တမ်းကိုထုတ်ပြခွင့်မရှိပါဘူးတဲ့! အမှုအခင်းတစ်ခုခုနဲ့ပတ်သက်နေပြီး တရားဝင်အမိန့်လည်းရှိမှ မဖြစ်မနေစစ်ဆေးခွင့်ပြုတာပါ""

""ကောင်းပြီလေ
ဒါဆိုနောက်၄ရက်နေပြီးတဲ့အခါ အဲ့ဒီဆိုင်ရဲ့ပိုင်ရှင်နဲ့ ငါကိုယ်တိုင်တွေ့မယ်...စီစဥ်ထားလိုက်၊ ပြီးတော့သူ့ရဲ့biography detailအားလုံးစုံစမ်းပေး""

""ဟုတ်ကဲ့ ခင်ဗျ
ဒါဆိုကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး""

အသေအချာညွှန်ကြားခိုင်းစေသမျှကိုနားထောင်ပြီးမှ ဧည့်သည်ဖြစ်သူကပြန်သွားလေ၏။သို့မှ လင်းညလည်း အပေါ်ထပ်သို့ပြန်တက်လာခဲ့ပြီး အခန်းရဲ့တံခါးလေးကိုဖွင့်ဝင်လိုက်သည်ဆိုလျှင်ပဲ အသည်းယားစရာမြင်ကွင်းလေးကို တွေ့ရပြန်သည်။

နှစ်ယောက်အိပ်ခုတင်ကြီးပေါ်၌ အနည်းငယ်ပြန့်ကျဲနေသောအဝတ်အစားတွေနှင့် ပွင့်ဟနေသော luggageတစ်ခုရှိနေပြီး ထိုluggageထဲအဝတ်အစားတစ်ခုမှရှိမနေဘဲ ကျုံ့ကျုံ့လေးဝင်ထိုင်နေသည်က ကိုယ့်ရဲ့ကလေးငယ်...။

""ကလေး!""

ခေါ်သံကြားတော့ မျက်နှာငယ်လေးနှင့်လှည့်ကြည့်လာကာ...

""အဆိုးကိုပါ ခေါ်သွား""

""ဘယ်လို!""

""အဟင့်! အဆိုး ကိုကိုနဲ့လိုက်မယ်
ဒီထဲမှာအိပ်ပြီးလိုက်မယ်...ဟင့်! ဟင့်!""

""ကဲ!ဟုတ်ပြီ...ဒါဆိုလှဲအိပ်ပါဦး""

မဖြစ်နိုင်သည့်အရာကိုတောင်းဆိုဂျီကျလည်း နည်းနည်းမှအပြစ်မမြင်စွာပင် အလိုက်သင့်လေးနေပေးတာမို့ ရှင်ရှင့်မှာပိုပြီးဝမ်းနည်းရသည်။သွားပါလို့ ကိုယ့်နှုတ်ကကိုယ်တိုင်ပြောခဲ့ပြီး မနက်ဖြန်ဆို သူသွားတော့မည်ဆိုခါမှပဲ ခွင့်ပြုမိလိုက်ခြင်းအတွက် နောင်တတောင်ရချင်သလိုပင်။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now